part 33

2.3K 127 3
                                    

Unicode

မန္တလေးမှ ပြင်ဦးလွင်သို့ ခရီးတစ်ခေါက်

ပြင်ဦးလွင်သို့ သွားရာ တောင်တက်လမ်းတစ်လျှောက် ကားလေးတစ်စီးက ဖြေးညှင်းစွာ ပြေးလွှားနေသည်

ကားပေါ်မှာတော့ သီချင်းသံအေးအေးလေးဖွင့်ထားရင်း ငြိမ်သက်စွာ ထိုင်နေခဲ့တဲ့ သူတို့နှစ်ဦး

ကိုလေးကို လှည့်ကြည့်လိုက်တော့ သီချင်းလေးလိုက်ညည်းရင်း ကားမှန်မှတဆင့် အပြင်ဘက်ဆီသို့သာ ငေးနေသည်

အခုလို ခရီးထွက်လာရတာကို သိပ်ပျော်နေသည့်ပုံပေါ်သည်

'' ခရီးထွက်ချင်တယ် ''

ထိုစကားကိုကြားစဥ်က အားလုံးက စိုးရိမ်ခဲ့ကြသည်

ကိုလေးအခြေအနေက ဆေးရုံပေါ်မှာပဲရှိနေတော့သင့်သည့်အခြေအနေကို ခရီးသွားချင်ပါသည်ဆိုတော့ ဘယ်သူကမှ ခွင့်မပြုခဲ့ချင်ကြပါ

ထိုအထဲတွင် ဆွေသာလည်း ထိပ်ဆုံးကပါသည်

ဆွေသာ အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တဲ့ ကိုလေးကို ဆရာဝန်တွေ အဆင်သင့်ရှိနေတဲ့ ဆေးရုံမှာသာ နေစေလိုသည်

သို့သော် ကိုလေးကတော့ ဒီခရီးမသွားရရင် စိတ်ဖြောင့်နိုင်မှာ မဟုတ်ဘူးဟု ပြောခဲ့သည်

ဘယ်နေ့သေမလဲ မသိတော့တဲ့အချိန်မှာ အခုလို ဆေးရုံပေါ်မှာ လှဲနေပီးတော့ မကုန်ဆုံးလိုက်ချင်ဘူးတဲ့

သူလုပ်ချင်တာလေးတွေ ရှိသေးတယ်တဲ့

ပီးတော့ သူသွားချင်ခဲ့တဲ့ ခရီးက အဝေးကြီးမဟုတ်ခဲ့ မန္တလေးနဲ့ အနီးကလေးရှိနေခဲ့တဲ့ ပြင်ဦးလွင်ကိုပင် ဖြစ်သည်

ပျော်သလောက်လေးနေပီး ပြန်လာရင် ဆေးရုံတက်ပါ့မယ်  ဆိုတဲ့ကိုလေးစကားကြောင့် လူကြီးတွေက စိတ်ချလက်ချ ခွင့်ပြုခဲ့ကြသည်

အခုတော့ သူသွားချင်တဲ့ခရီးရဲ့ လမ်းပေါ်ကို ရောက်နေခဲ့ပီ

မေမြို့နဲ့နီးလာသည်နှင့်အမျှ လမ်းဘေးနှစ်ဖက် ဂျုံခင်းတွေ လီလိီပန်းခင်းတွေက နေရာယူလာသည်

ကျွန်တော်တို့ကားလေးဟာ ကိုလေးလမ်းညွှန်ရာ မေမြို့ကိုကျော်ပီးမှ လူသူအနည်းငယ်အလှမ်းဝေးတဲ့ မြို့ပြင်က အိမ်လေးတစ်အိမ်လုံး ဆီကိုရောက်လာခဲ့သည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now