part 15

1.6K 135 5
                                    

Unicode

မနက်အစောပိုင်းကို ကိုနိုးလာတော့ ကိုလေးက မနိုးသေးပါ

ညက နှစ်ယောက်သား လထွက်ကြည့်ရင်းနဲ့ သုံးနာရီ လောက်မှ အိမ်ထဲ ပြန်ဝင်ဖြစ်ခဲ့သည်

ဒါတောင် ကိုကမပြန်သေးဘူးဆိုကာ ဘေးနားက လိုက်ရပ်နေလို့ ကိုလေးက မဖြစ်သာရုံ ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်

မဟုတ်ရင် ကိုလေးတစ်ယောက်တည်း ဘယ်အချိန်ထိ ဆက်နေနေမယ်ကို မသိနိုင်ပါ

တစ်ခါတစ်ရံကျတော့လည်း ကိုလေးက နူးညံ့သလိုလိုနဲ့ ထင်ထားတာထက်ကို ခေါင်းမာသည်  စိတ်မာသည် 

ဒါကို စတွေ့ခဲ့တဲ့ည မိုးရွှာထဲမှာ ရပ်နေကတည်းကစသိခဲ့သည်

ဒါကြောင့်လည်း ညက ကိုနဲ့ တစ်ခါတည်း အထဲကို အတူပြန်ဝင်ရန် ကြိုးစားခဲ့ရသည်

ဒါပေမဲ့ ဘယ်အချိန်ကတည်းက အပြင်မှာ ထွက်ရပ်နေခဲ့သလဲ မသိတဲ့ ကိုလေးက ခုထိ အိပ်ပျော်နေတုန်းပါ

သူမနိုးစေချင်တာနဲ့ တိတ်တိတ်ကလေးသာ အခန်းထဲက ထွက်လာလိုက်သည်

အပြင်ရောက်ခါမှ kitchen ထဲက ဘေစင်မှာသာ မျက်နှာသစ်သွားတိုက် လုပ်လိုက်သည်

မီးဖိုခန်းထဲလာပီး သွားတိုက်နေတဲ့ ကိုယ့်ကို ဒေါ်ကြီးက အထူးတဆန်းလို ကြည့်နေသည်

မီးဖိုခန်းထဲက ကောင်မလေးတွေကလည်း ဘာလာလုပ်တာလဲ ဆိုတဲ့အကြည့်တွေနဲ့ စူးစမ်းနေသည်

ဒေါ်ကြီးက '' ဘယ်လိုဖြစ်လာရတာလဲ '' ပြောရင်း ကျောကိုလည်း တစ်ချက်ပုတ်သွားသေးသည်

ဒေါ်ကြီးကို ရှင်းပြချင်ပေမယ့် သွားတိုက်ဆေးတွေက ပါးစပ်အပြည့်မို့ စကားပြောလိုက်တိုင်း ဂါးဂါးဂါးဂါး သာဖြစ်နေသည်

ဝူးဝူးဝါးဝါးနဲ့ ဘာတွေပြောနေမှန်းမသိတဲ့ ကိုယ့်အဖြစ်ကိုကြည့်ရင်း ဒေါ်ကြီးရော ကောင်မလေးတွေကပါ ရီကုန်ကြပီ

ဒေါ်ကြီးကတော့ ကိုယ့်စကားတွေကို အဓိပ္ပါယ်ဖော်ဖို့ ကြိုးစားနေသည်

'' အော် နားလည်ပီ ''

'' သခင်လေးက အော်လွှတ်လိုက်တာလား ဆူလွှတ်လိုက်တာလား နင်သူ့ကို သွားရှုပ်ပြန်တာလား ''

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now