part 30

1.7K 121 1
                                    

Unicode

ဒါဟာ ကိုလိုချင်ခဲ့တဲ့ မိသားစုဘဝလေးလား မသိပေမယ့် ဒီလိုနေရတဲ့ ဒီဘဝကို ဆွေသာသိပ်သဘောကျမိသည်

နေစရာ တိုက်ခန်းလေးတစ်ခုရှိသည်

တည်မြဲပီး သမာအာဇီဝကျကာ ကိုတကယ်ဝါသနာပါတဲ့ အလုပ်ကလေးတစ်ခုလဲရှိသည်

အိမ်ပြန်လာတိုင်း ကိုယ့်ကို စောင့်နေတဲ့သူလည်းရှိသည်

ညတိုင်း အတူအိပ်စက်ပေးမဲ့သူလည်း ရှိသည်

ဝမ်းနည်းတိုင်းပြေးဖက်စရာရင်ခွင်လဲ ရှိသည်

ပိတ်ရက်တိုင်း ရုပ်ရှင်အတူလိုက်ကြည့်ပေးမဲ့သူလည်း ရှိသည်

ဒီဘဝမှာ ​ ဆွေသာအမြဲလိုချင်ခဲ့တဲ့ နွေးထွေးတဲ့အိမ်ဆိုတာကို ရှာတွေ့ခဲ့ပီထင်ပါရဲ့

တစ်ခါတစ်လေကျတော့လည်း ကိုနေရတဲ့ဘဝက ပျော်မွေ့စရာကောင်းလွန်းလို့ ဒီဘဝဟာ ကိုနဲ့ထိုက်တန်ရဲ့လား အိမ်မက်လားလို့တောင် တွေးမိသည်

ပထမတော့ ဆွေသာ အိမ်ကနေ အလုပ်သွားဖို့ မဝံ့မရဲဖြစ်ခဲ့သေးသည်

စိတ်ချလက်ချသာအလုပ်သွားပါ နောက်ဘယ်တော့မှ ထွက်မပြေးပါဘူး လို့ ကိုလေးကတိပေးပီး အလုပ်ပြန်ဆင်းခိုင်း၍သာ အလုပ်ဆင်းဖို့ ဖြစ်လာခဲ့သည်

အလုပ်သွားပီး အလုပ်ဆင်းချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာတော့ ကိုလေးကို မျက်စိရှေ့ကအပျောက်မခံဘဲ ကြည့်နေဖြစ်ခဲ့သည်

ကိုလေးရဲ့စိတ်အခြေအနေကလည်း ဆွေသာစိတ်ချရတဲ့ အခြေအနေမှ မဟုတ်ဘဲ

ပျော်တယ် ရီတယ် ဘာလေးကိုတော့စိတ်ပါလက်ပါလုပ်တယ် ဆိုတာကအစအမြဲလိုက်ပီး သတိထားရသည်

ကိုလင်းထက်ကလည်း ကို့ကို ညတိုင်း ph ဆက်ကာ ကိုလေးအကြောင်းမေးတတ်သည်

ကိုလေးက ပုံမှန်အားဖြင့်တော့ အိမ်မှာပဲနေသည်

tv ကြည့်သည် စာဖတ်သည် ပန်းချီဆွဲသည်

အစားနည်းသည့်တိုင် ဆွေသာနှင့်အတူ ပုံမှန်စားတတ်သည်

အစားမှန်သည့်တိုင် အရင်ကထက်တော့ ပိန်သည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now