part 20

1.7K 129 5
                                    

Unicode

ညနက်လာ​သည်နှင့်အမျှ ညလေက အေးသထက်အေးလာသည်

တစ်နေ့တာအတွင်းဖြစ်ပျက်ခဲ့တဲ့ ပျော်ရခြင်း စိတ်တိုရခြင်း ဝမ်းနည်ရခြင်း အကြောင်း  အထွေထွေကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းမိသည်

ပင်ပန်းလှတဲ့ တစ်နေ့တာရဲ့ အဆုံးမှာတော့ ကိုလေးအနားမှာ နေခွင့်ရသေးလို့တော်သေးတာပေါ့ရယ်လို့ တွေးရင်း ပြုံးမိသည်

ဆွေသာတို့ အိမ်ပြန်ရောက်တော့ ဧည့်ခန်းထဲမှာ ကိုလေးအဖေက ထိုင်စောင့်နေသည်

အချိန်ကလည်း ည 11 နာရီကျော်ပီ

သူ ဘာမှမပြောရသေးပေမယ့် သူဘာပြောမလဲဆိုတာကို သူ့လက်သီးဆုပ်က ဖော်ပြနေသယောင်

အရှေ့မှာ ချထားတဲ့ သောက်လက်စ အရက်ခွက်တွေကြောင့် အော်ကြီးဟစ်ကျယ်တွေဖြစ်တော့မှာကို ကြိုမြင်ယောင်မိသည်

ကိုလေးနဲ့ ကျွန်တော်ဝင်လာတာကို ရဲရဲတောက် မျက်လုံးတွေနဲ့ ကြည့်နေသည်

ကိုလေးကို ဆူတော့မည်ဆိုတာ သိပေမယ့် ကိုရှိနေရင်များ ကိုလေးအပေါ်သက်ညှာလေမလားအတွေးနဲ့ အခန်းထဲ မဝင်သေးဖို့ တွေးခဲ့သည်

ဒါပေမယ့် ဆွေသာ အခန်းထဲသွားတော့ဆိုတဲ့ ကိုလေးရဲ့ အကြိမ်ကြိမ် ပြောတဲ့စကားနောက်မှာ ဆွေသာ ခေါင်းတစ်ခါခါနဲ့ မပြန်ချင်ဘဲ အခန်းဆီပြန်ခဲ့ရသည်

ဒါပေမယ့် ဒီအခြေအနေမှာ ဆွေသာ အေးအေးဆေးဆေး ဘယ်အိပ်နေနိုင်ပါ့မလဲ

အိပ်ခန်းထဲကိုရောက်ပီးတာနဲ့ ph နဲ့အိတ်ကိုချပီး ကြားနိုင်တဲ့ အတိုင်းအတာကနေ ကိုလေးတို့ဘက်ကို နားပြန်စွင့်မိသည်

'' မင်း ခနက ဘယ်လိုလုပ်လိုက်တာလဲ နည်းနည်းလေးအလိုက်သင့်နေပေးဖို့တောင် လုပ်မပေးနိုင်ဘူးလား ''

''မင်း လုပ်ချင်တာတွေ လုပ်ခွင့်ပေးထားတယ်ဆိုတိုင်း ထင်ရာစိုင်းချင်တိုင်းစိုင်းနေတာလား တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း ငါတို့အတွက် နည်းနည်းလေးတွေးပေးလို့ မရဘူးလား ''

အပြစ်လုပ်ထားသူပီပီ ကိုလေးက တစ်ခွန်းမှ ပြန်မပြောဘဲ ခေါင်းငုံ့နေသည်

ကျွန်တော့်ရဲ့ရွှေဘုံနန်းစံ (completed)Where stories live. Discover now