မေးခွန်း (၁) + (၂)

1.1K 140 2
                                    

မေးခွန်း (၁) - မင်းတို့နှစ်ယောက် ဘယ်လို စတွေ့ခဲ့ကြတာလဲ ?

-

" ဘယ်သူ အရင် စဖြေမလဲ "

" ငါ အရင်ဖြေမယ် "

ဂျယ်မင်းက ဂျဲနိုကိုကြည့်ပြီး မေးလာတော့ ဂျဲနိုက ချက်ချင်းပင် မတုံ့မဆိုင်း ဖြေလာသည် ။
တကယ်ဆို ဂျယ်မင်းက တစ်ခုခုတိုင်းကို စလုပ်ရတာ မုန်းသည့်အကြောင်း အသိခဲ့ဆုံး လူကလည်း သူပင် ။

" ကျောင်းမှာ .. အတိအကျပြောရရင် အလယ်တန်းဒုတိယနှစ် နှစ်စ ။
ကျွန်တော်က ကျောင်းပြောင်းလာတော့ အတန်းနေရာမသိဘဲ လည်နေရင်း ဂျယ်မင်းကို‌စတွေ့ခဲ့တာ ။ တိုက်မိခဲ့တာလို့ ပြောရင် ပိုမှန်မယ် ။ တောင်းပန်ပြီးတော့ အခန်းနေရာကို မေးရတာပေါ့ .. အဲ့ဒီအချိန်မှာ အတန်းချိန်ကလည်း သေချာပေါက်ကို နောက်ကျနေပြီ ။ အဲ့ဒီမှာ ဂျယ်မင်းက မင်းနဲ့ငါက အတန်းတူတူပဲ ဆိုပြီး ခေါ်သွားပေးတာ ။ အခန်းရှေ့လည်း ရောက်ရော ကျောင်းနောက်ကျလို့ ဆိုပြီး ကျောင်းသားသစ်မှန်းမသိဘဲ သူနဲ့အတူတူ ရောပြီး အဆူခံရရောလေ "

ဂျဲနိုက ဖြေနေရင်း ဂျယ်မင်းကို မျက်စောင်းထိုးပြီး ရယ်တော့ ဂျယ်မင်းကပါ ပြန်တွေးပြီး ရယ်မိသည် ။

" ပြီးတော့မှ ကျောင်းသားသစ်မှန်းသိပြီး မိတ်ဆက်ပေးပေမဲ့ နေရာတွေက မရှိတော့ဘူးမို့ ဂျယ်မင်းနဲ့ ကျွန်တော့်ကို ဆရာမက အတူတူ ထိုင်ခိုင်းခဲ့တာ "

" နောက်ဆုံးတန်းမှာ "

ဂျယ်မင်းက သူ့စကားကို ထောက်ပေးတော့ သူပြုံးမိရသည် ။
နောက်ဆုံးတန်းကို အတူတူသွားထိုင်တော့ သူစိတ်ဆိုးမှာစိုးနေသည့် မျက်လုံးလေးတွေနှင့် ဂျယ်မင်းက သူ့ကို တောင်းပန်ခဲ့သေးတာ ။

" အဲ့ဒီကနေ ကျွန်တော်တို့ စသိခဲ့တာပါ ။ ထပ်ခါတလဲလဲ သူ့ကြောင့် ကျွန်တော်က အဆူခံလိုက်ရလို့ တောင်းပန်နေလို့ အရမ်းနေရခက်ခဲ့သေးတာ ။ ဆက်တောင်းပန်နေရင် နေရာပြောင်းပစ်မယ်လို့ ကြိမ်းရင်းကနေ သူငယ်ချင်း တန်းဖြစ်ခဲ့တာပဲ "

စစသိတုန်းက အချိန်အကြောင်း ပြန်တွေးမိတော့ နှစ်ယောက်လုံးက ပြုံးမိကြရသည် ။
ဇာတ်လမ်းတစ်ခုရဲ့ အစဟာ အလယ်တန်း ပထမနှစ် ကျောင်းတက်ရမဲ့ မနက်ခင်းတစ်ခု ဖြစ်ခဲ့တာ ။

Untill The Last QuestionWhere stories live. Discover now