မေးခွန်း (၂၅) + (၂၆)

891 122 3
                                    

မေးခွန်း (၂၅)  ဆင်တူပစ္စည်း ၊ စုံတွဲပစ္စည်းတွေ ရှိခဲ့ဖူးလား ..? သဘောအကျဆုံးတစ်ခု ? အခုထိ သိမ်းထားတုန်းပဲလား ?

-

" ရှိတာက ရှိခဲ့တာပေါ့ ။ ပြောရရင် အများကြီးပဲလေ ။ ကလေးအရွယ်တည်းက ကျွန်တော်တို့က တစ်ယောက်၀ယ်ရင် အမြဲနှစ်ခု ဆင်တူ၀ယ်တတ်တော့ တစ်ခါတစ်လေဆို လေးခုဖြစ်သွားတာတွေပါရှိတယ် "

ဂျဲနိုက ရယ်ရယ်မောမောနဲ့ပြောလာသည် ။
တကယ်ကိုလည်း သူတို့က ဆင်တူပစ္စည်း အများကြီးပင် ။

" သဘောအကျဆုံး တစ်ခုကရော ? "

ဂျဲနိုနဲ့ ဂျယ်မင်းက တစ်ယောက်ကို တစ်ယောက်ကြည့်၏ ။
ဖော်ပြရခက်စွာ ပြုံးလာသည့် အပြုံးနှစ်ခုက တစ်ခုခုကို အတူတူရည်ညွှန်းနေသည်မှာတော့ သိသိသာသာ ။

လက်ရှည် ၀တ်ထားသည့် သူ့အင်္ကျီကို ဂျဲနိုက လက်အပေါ်ခေါက်တင်တော့ ဂျယ်မင်းကပါ လိုက်ပြီး လက်ကို ခေါက်တင်လာသည် ။

၀င့်၀င့်ကြွားကြွား ပေါ်လာတာက တံတောင်ကွေး အောက်နားလေးက ဆင်တူ တက်တူး သေးသေးလေးနှစ်ခု ။
[ ∞ ] အဆုံးမဲ့ ၊ ထာ၀ရ ဆိုတာကို ရည်ရွယ်တဲ့ သင်္ကေတ ။
လက်ဆစ် တစ်ဆစ်စာလေးတောင် မရှိတရှိ တက်တူးလေးက သူတို့နှစ်ယောက်ရဲ့ လက်တွေပေါ်မှာတော့ အလှပဆုံး နေရာယူထား၏ ။

" ဒီဟာကို သဘောအကျဆုံးပါ ။ ကျွန်တော်ရော .. ပြီး‌တော့ သူရောပဲ ထင်တယ် "

ဂျဲနိုက အဲ့ဒီလိုပြောတော့ ဂျယ်မင်းက ‌ပြုံးပြီး ခေါင်းညိတ်သည် ။ အင်း .. အတူတူပါပဲ ။

" ကျွန်တော့်အသက် ၂၂နှစ်ပြည့်တဲ့နေ့မှာ ဒီဟာကို အတူတူထိုးခဲ့ကြတာ ။ ဂျယ်မင်းနီးက အပ်ကြောက်တယ် ။
ဒါပေမဲ့ ကျွန်တော့်မွေးနေ့လက်ဆောင်ဆိုပြီး သူက ကြောက်နေတဲ့ကြားကနေ လိုက်ထိုးခဲ့တာ .. သေးသေးလေးပဲဆိုပြီး ။ ဒါပေမဲ့ အဲ့တာပြီးတော့လည်း နောက်ထပ်လက်ဆောင်တစ်ခုပေးခဲ့ရဲ့သားနဲ့ "

ဟယ်ချန်းက မျက်ခုံးတစ်ဖက် ပင့်မိလိုက်သည် ။
ဂျဲနိုကို ကြည့်တော့ ပြုံးနေပြီး ဂျယ်မင်းက ‌ခေါင်းကိုက်ပို့စ်နှင့် ဟိုဘက်လှည့်ထား၏ ။

Untill The Last QuestionWhere stories live. Discover now