မေးခွန်း (၃၁) + (၃၂)

817 115 2
                                    

မေးခွန်း (၃၁) မင်းတို့ အခုထိသာ မပြတ်ခဲ့ဘဲ တွဲနေကြဦးမယ်ဆိုရင် အခုထက်ပိုပြီး ပျော်ရွှင်နေကြမယ်လို့ ထင်လား ?

-

" ဖြစ်လာတာကိုက တားလို့မရလောက်ဘူးထင်တယ် ။
တင်းမာတဲ့အခြေအနေတွေသာ မရှိခဲ့ရင် ကျွန်တော်တို့ ပျော်နေလောက်တယ် ။ နဂိုတည်းက အဆင်ပြေတာထက် ပိုတဲ့ဆက်ဆံရေးပဲလေ ။ အခုထက် ပိုပြီး ? အဲ့တာမျိုးတော့ မတွေးမိပေမဲ့ အဆင်ပြေပြေ‌နဲ့ ပျော်ရွှင်နေမယ်ထင်တယ် "

ဂျယ်မင်းက ဂျဲနိုမဖြေခင် ဦးအောင်ဖြေလိုက်ပြီး အဖြေကို လိုက်တုတဲ့ ကလေးလေးမဟုတ်ကြောင်း ပြသည် ။
ဂျဲနိုကတော့ ပြုံးပဲနေပါ၏ ။

ဂျယ်မင်းက အနိုင်ယူလိုစိတ် များတဲ့ ကောင်လေးမဟုတ်တာမို့ အခုလို အနိုင်ယူချင်နေတဲ့အချိန်တိုင်းမှာ အသည်းယားစရာ အကောင်းဆုံးပင် ။

ဂျဲနိုက အမြဲတမ်း လိုက်လျောခဲ့ရတာ သဘောကျသည် ။

" ကျွန်တော်ကတော့ အခုထက်ပိုပြီး ပျော်နေ‌နိုင်လောက်မယ်ထင်တယ် ။ ပုံမှန်အတိုင်းသာဆို အခုလောက် အလုပ်ပြီးရင် အလုပ်ဖြစ်မနေဘဲ အိမ်စောစောပြန်တာမျိုး အမြဲလုပ်ဖြစ်လောက်တယ် ။
အခုကို မပျော်နေဘူးပြောတာ မဟုတ်ပေမဲ့ .. အိမ်မှာ လူတစ်ယောက်က စောင့်နေတယ်ဆိုတဲ့အသိက ဘယ်သူမှမရှိတာထက်တော့ သာတယ်လေ ။ ကျွန်တော်တို့သာ ဆက်ပြီး တွဲနေကြဦးမယ်ဆိုရင် အခုထက်ပိုပြီး ပျော်ရွှင်နေကြလောက်မယ်ထင်တယ် ..
ပင်ပန်းတာရော ၀မ်းနည်းတာ ပျော်တာ အကုန် မျှဝေပေးမဲ့သူ ရှိမှာမို့ "

ဂျဲနိုက မပြိုင်နေပေမဲ့ နိုင်တယ် ။
ဂျယ်မင်းက အဲ့ဒီလို ကောက်ချက်ချမိ၏ ။

ဂျဲနိုပြောတဲ့စကားတိုင်းက ဂျယ်မင်းကို တုံ့ဆိုင်းသွားဖို့ မရပ်တန့်စေခဲ့ရ ။
လေးလေးနက်နက်ပြောသည့်စကားတိုင်းက ပြုံးပြီးပဲပြောပြော ၊ တည်ပြီးပဲပြောပြော ၀မ်းနည်းရိပ်တွေ ပါ၀င်လို့နေသည် ။

...................

မေးခွန်း (၃၂) အခုရော မင်းတို့နှစ်ယောက် ပျော်ရွှင်နေကြလား .. ဒီအခြေအနေနဲ့ ?

-

" အင်း .. ပျော်ရွှင်တယ်လို့ ခံစားရပါတယ် ။
အလုပ်ရယ် အလုပ်ရယ် အလုပ်ရယ်ပဲ ရှိပေမဲ့ သဘောကျတဲ့ဟာမို့ ပင်ပန်းပေမဲ့ ပျော်မိတယ် ထင်တာပဲ "

ဂျယ်မင်းက ခေါင်းလေးတညိတ်ညိတ်နဲ့ ဖြေသည် ။
ဟယ်ချန်းကလည်း ဂျယ်မင်းပျော်နေတာကို ယုံပါ၏ .. ပါးဖောင်းဖောင်းလေးတွေ ဘွဲ့ယူချိန်ကလို လျော့ကျမနေတော့တာ သက်သေပင် ။

" ဂျဲနို ရော "

ဟယ်ချန်းက လှည့်မေးတော့ ဂျဲနိုက ပြုံးသည် ။
ဘာဖြေရမလဲ စဉ်းစားနေပုံပင် ။

" ပျော်တယ် ထင်တယ် .. ကျွန်တော်လည်းပဲ ။
အလုပ်ကြောင့်က ပြောရရင် stressရှိတယ် ။ ဒါပေမဲ့ Fanတွေက အားပေးတာနဲ့ ပြန်ပြီး အဆင်ပြေလာတာပဲ ။ အဲ့လိုပေါ့ .. ။ ပျော်တာထက် အဆင်ပြေတဲ့ လက်ရှိ ။
အဲ့ဒီလို အခြေအနေပါပဲ "

ဂျဲနိုက သူ့ပုံစံအတိုင်း ပြုံးပြုံးလေးဖြေသွားသည် ။
ပညာသားပါသည့် စကားတွေ ..
ဂျဲနိုက ပင်ပန်းစရာတွေရှိနေတာလားလို့ တွေးမိသွားသည့် ဂျယ်မင်းကတော့ ရင်ထဲမကောင်းတော့ပါချေ ။

Untill The Last QuestionWhere stories live. Discover now