you are my forever

1.7K 153 9
                                    

" အွန်း "

" ညနေ ငါကနည်းနည်းနောက်ကျမှာ ။
ကလေးတွေကို ဒီနေ့ မီတင်ခေါ်မယ်ပြောထားလို့ .. ပြီးရင် ထမင်းလိုက်ကျွေးလိုက်မလို့ပါ ပြင်နေတာ "

" ပြီးရင် ဖုန်းဆက်လိုက်မယ် အဲ့တာဆို "

" အင်း မင်းလည်းဂရုစိုက်ဦး ဂျန် "

" ချစ်တယ် ငါရော "

" ဘာတွေလာရစ်နေတာတုန်း ။ ချစ်တယ်ဆိုတာ မင်းကို မပြောလို့ ဘယ်သူ့သွားပြောရမှာလဲ  ဦးလေးကြီးအီဂျဲနို "

" တော်စမ်းပါ .. အလုပ်သွားလုပ်တော့ ဂျစ်မကျနေနဲ့ "

" ဟုတ်ပါပြီ ချစ်ပါတယ်ဆိုနေမှပဲ "

" ဖုန်းချပြီ "

ဂျယ်မင်းက ဂျဲနိုနဲ့ ဖုန်းပြောနေရင်း ပြုံးနေတာကို မရပ်နိုင် ။
နည်းနည်းလေး အနားရတာနဲ့ ဂျယ်မင်းဆီကို ဂျဲနိုက ဖုန်းဆက်တတ်တာ အကျင့်ဖြစ်လို့နေပြီ ။

" Bossတို့များ ရည်းစားပြန်ရပြီးကတည်းက ရုပ်တည်နေတဲ့နေ့ကို မရှိတော့ဘူး "

ဂျယ်မင်းရဲ့ လက်ထောက်ကလေးတွေထဲက သူနှင့်ပိုရင်းနှီးသည့်တစ်ယောက်က ဂျယ်မင်းကို ရွဲ့ပြောတော့ ထိပ်ခေါက်ဖို့ လက်ရွယ်လိုက်မိရသေးသည် ။
သူများဘာသာ ရည်းစားအတွဲချစ်နေကြတာ သူနဲ့ဘာဆိုင် !

.....................................

"To . Jeno" ဆိုတဲ့ ခေါင်းစီးလေးနဲ့ စာတစ်စောင်က အခုဂျဲနိုရဲ့ လက်ထဲမှာ ။
ဒါကို ဟယ်ချန်းက ဂျဲနိုရိုက်ကွင်းနေရာအထိလာပြီး လက်ထဲထည့်ပေးသွားခဲ့ခြင်းသာ ။

အလုပ်မပြီးသေးရင် မဖွင့်နဲ့ဆိုသည်မို့ အိမ်ပြန်ခါနီး နားနေခန်းထဲမှာမှ ဂျဲနိုက ဖွင့်ဖတ်ကြည့်ရသည် ။

လက်ရေးနဲ့ စာစောင်ကို အနည်းအကျဉ်းလေး မြင်ရုံနဲ့တင် ဂျဲနိုက ရပ်တန့်သွားသလို ။
ဒါက ဂျယ်မင်းရဲ့ လက်ရေးဖြစ်သည် ။
ပြီးတော့ ဒီစာ‌ရွက်က သူတို့နှစ်ယောက် ပြန်မတွဲခင် .. ပြောရရင် လွန်ခဲ့သည့် ငါးလကျော်လောက်တုန်းက သူမြင်ဖူးခဲ့သည့် စာရွက်ဖြစ်သည် ။

ခဏလောက် တုန်လှုပ်နေမိသလားမသိသည့် သူ့လက်ကို ထိန်းချုပ်ရင်း ဂျဲနိုက စာလိပ်လေးကို တဖြည်းဖြည်းချင်း ဖွင့်မိ၏ ။
တဖြည်းဖြည်း နေရာယူလာသည့် လက်ရေးဝိုင်းဝိုင်းတွေကို ဂျဲနိုက ဖတ်နိုင်ဖို့ အချိန်ယူနေရသည် ။

Untill The Last QuestionWhere stories live. Discover now