" ဟျောင်းက မနက်ဖြန်မနက် ဆယ်နာရီမှာ သူ့စတူဒီယိုကို လာတွေ့ရင် ရတယ်တဲ့ ။ မနက်ဖြန်ဆို ငါတို့တွေ Deadlineအတွက် သုံးရက်ကျန်မယ် ။ မင်းတို့ရိုက်ပြီးရင် Editတာ ဘာညာအတွက်က နှစ်ရက်ကျန်တယ် ။ ဟျောင်းက အဲ့လိုပြောတာပဲ "
ဟယ်ချန်းနီးဆီက မနေ့ညက ဖုန်းရပြီး ဒီနေ့တော့ သူက မနက်ရှစ်နာရီခွဲတည်းက ထပြီး ပြင်ဆင်နေမိသည် ။
ကိုးနာရီ အိမ်ကစထွက်မယ်ဆို ကိုးခွဲ၀န်းကျင်တော့ ဟိုကိုရောက်လောက်မည် ။ဘယ်လိုပဲဖြစ်ဖြစ် ဟျောင်းနဲ့ ခဏစကားပြောဖို့ ၊ နောက်ကျပြီး ရောက်လာတာထက် ဂျဲနိုမလာခင် ရောက်နေနှင့်တာက ပိုပြီး နေရမခက်လောက်ဘူးလို့ သူက တွေးမိပြီး အဲ့ဒီလို စောစော ပြင်ဆင်နေတာပဲဖြစ်သည် ။
Interview Videoက တန်းပြီး ရိုက်မှာဆိုရင် ကြည့်ရအဆင်ပြေအောင် သူက မိုးပြာရောင် အင်္ကျီလက်ရှည်ကို ဂျင်းဘောင်းဘီတစ်ထည်နဲ့အတူပဲ ကောက်စွပ်မိလိုက်သည် ။
ထင်ထားသည့်အတိုင်း အစ်ကိုမင်ဟျောင်းရဲ့ စတူဒီယိုရှိသည့် ရပ်ကွက်ရောက်တော့ ကိုးနာရီက ခွဲခါနီးနေပြီ ။
စတူဒီယိုကို ရှာမရတာမို့ တစ်နေရာရာမှာ ကားရပ် ၊ လမ်းလျှောက်ပြီး သွားဖို့ပဲ သူက ပြင်လိုက်၏ ။လမ်းဆုံထိပ်မှာ ကော်ဖီဆိုင်ကိုတွေ့တော့ ဂျယ်မင်းအတွေးထဲ ၀င်လာသည်က သူလည်း ကော်ဖီသောက်ချင်နေပြီး အစ်ကိုမင်ဟျောင်းအတွက်လည်း ကော်ဖီ၀ယ်သွားပေးဖို့ပင် ။
" အမေရီကာနိုတစ်ခွက် သကြားမထည့်တာနဲ့ .. ဆောရီးပါ လတ်တေးနဲ့ ပုံမှန်ကော်ဖီတစ်ခွက်ပဲပေးပါ "
ကောင်တာမှာ မှာရင်း စောင့်နေချိန် နောက်ကနေ အသံတစ်ခုကို သူကြားလိုက်ရပြီးတော့ ခန္ဓာကိုယ်မှာ စီးနေသမျှ သွေးတွေ ရပ်သွားသလို တောင့်သွားရသည် ။
" လတ်တေးတစ်ခွက်ပဲ ယူမယ်နော် "
တဖြည်းဖြည်းချင်းလှည့်ကြည့်တော့ ရင်းနှီးပြီးသား ကိုယ်သင်းနံ့က နှာခေါင်းနားမှာ တဝေ့လည်လည် ။
နှစ်နှစ်လောက် မျက်နှာချင်း မဆိုင်ခဲ့တဲ့ အဲ့ဒီလူဘက် တစ်ကိုယ်လုံးသေချာ လှည့်လိုက်ချိန်မှာတော့ မျက်လုံးဝိုင်းတွေနဲ့ အဲ့ဒီလူက သူ့ကို ပြုံးပြီး တအံ့တဩကြည့်လာ၏ ။ အပြာရောင် အင်္ကျီလက်ရှည်ကို Style Pantအမည်းရောင်နဲ့ တွဲဖက်၀တ်ထားသည့် အဲ့ဒီလူက အရင်တုန်းကအတိုင်း ချောမောလွန်းနေတုန်း ။
YOU ARE READING
Untill The Last Question
Fanfiction" အဲ့ဒီအချိန်တုန်းက ဂျယ်မင်းက တစ်လောကလုံးကို အပိုင်ရထားတဲ့လူလို တောက်ပနေခဲ့တာမို့ .. ကျွန်တော်က အဲ့တာကို ရင်ခုန်မိပြီး သူ့ကို သဘောကျခဲ့တာ " " ဂျဲနိုက ကျွန်တော့်အတွက် အရာအားလုံး ဖြစ်ခဲ့တာ ။ သူသာရှိရင် ဘာမှထပ်မလိုတော့သလိုမျိုး .. အဲ့ဒီလို အကုန်လုံးက သ...