မေးခွန်း (၁၅) + (၁၆) + (၁၇)

909 121 8
                                    

မေးခွန်း (၁၅) ဘယ်သူက စပြီး လမ်းခွဲခဲ့တာလဲ ?

-

တိတ်ဆိတ်နေတဲ့ လေထုထဲမှာ သူတို့က မိနစ်၀က်နီးပါး ငြိမ်သက်နေခဲ့ကြမိ၏ ။
ဒီလေထုကို ဘယ်သူက စပြီး ဘယ်လို ဖြိုခွဲရမလဲ ဟယ်ချန်းမတွေးတတ်ပါချေ ။

" ကျွန်တော်ကပါ "

တကယ်တော့ ဟယ်ချန်းလည်း သိချင်နေခဲ့တာ ..
ဒီအဖြေကို ဟယ်ချန်းကလည်း ဘယ်တုန်းကမှ မသိခဲ့ဖူးပါ ။
"ငါတို့နှစ်ယောက် အိမ်ခွဲနေကြပြီ" ဆိုပြီး ပြောလာချိန်မှာ ပြီးပြတ်သွားခဲ့တာပင် ။
ဟယ်ချန်းကလည်း ထပ်မမေးနိုင်ခဲ့ ၊ မမေးရက်ခဲ့ ။

" ကျွန်တော်က စပြီး အဲ့ဒီစကားကို ပြောခဲ့တာပါ "

နောက်ထပ်တစ်ခေါက် ထပ်ပြောလာသည့်သူက ခုနက မျက်ရည်တွေဝဲနေခဲ့သူဖြစ်သည် ။
အဲ့ဒီစကားကိုပြောလာသူက ဂျယ်မင်းဖြစ်သည် ။

ဂျဲနိုကတော့ ဂျယ်မင်းကို ဘေးနားကနေ တစ်ချက် ငေးကြည့်လိုက်သေး၏ ။

ပြီးတော့ သူ့အကြည့်တွေကို တစ်ဖက်လှည့်သွားပြီး ..
ဂျဲနိုက ခုနက မေးခွန်းကိုရော အဖြေကိုပါ မကြားသလို ဟန်ဆောင်နေခဲ့သည် ။

ဂျယ်မင်းကတော့ အပြုံးဖျော့ဖျော့လေးကို ဒီအတိုင်း သူ့နှုတ်ခမ်းပေါ် ချိတ်ဆွဲထားတုန်းပင် ။
အားနာပြုံးလေး ဟယ်ချန်းက ပြုံးပြတော့ ဘာမှမဖြစ်ပါဘူးဆိုပြီး ပြန်ပြုံးပြလာသယောင် ။

...........................

မေးခွန်း (၁၆) ဘယ်အရာက လမ်းခွဲဖို့ကို စပြီး ဖြစ်လာစေခဲ့တာလဲ ?

-

" တစ်ယောက်ကိုတစ်ယောက် မယုံကြတော့တာ "

" လိုတာထက်ပိုပြီး သ၀န်တိုခဲ့ကြတာကြောင့်ပါ "

တစ်ချိန်တည်းမှာ အသံနှစ်ခုက တစ်ပြိုင်တည်းထွက်လာပေမဲ့ အဖြေနှစ်ခုက မတူညီခဲ့ကြ ။

ဂျယ်မင်းက ဂျဲနိုကို မယုံကြည်ခဲ့တော့ဘူး ။
ဂျဲနိုက ဂျယ်မင်းကို လိုအပ်တာထက် ပိုပြီး သ၀န်တိုခဲ့တယ် ။

ဟယ်ချန်းက အဲ့တာတွေကို မဆက်စပ်တတ်ပေမဲ့ ကိစ္စက သေးသေးလေးမဟုတ်တာတော့ သေချာသည် ။

Untill The Last QuestionWhere stories live. Discover now