မေးခွန်း (၂၀) + (၂၁)

879 120 1
                                    

မေးခွန်း (၂၀) လမ်းခွဲပြီးတော့ ဘယ်လို ခံစားချက်မျိုး ဖြစ်ခဲ့လဲ ?

-

ရှာလကာရည် တစ်ခွက် လည်ချောင်းထဲ ရောက်ပြီးထားသည့် ဂျဲနိုက နောက်ထပ်တစ်ခွက်ဆီ လက်လှမ်းဖို့ကို မစဉ်းစားလိုတော့ ။
ဂျယ်မင်းကလည်း ဘာစကားမှ မပြောလာသေး ။

လမ်းခွဲပြီးချိန် တုန်းက သူဘယ်လို ခံစားခဲ့ရပါသလဲ ..။

" ပြိုလဲသွားတဲ့ ခံစားချက် ..? အဲ့ဒီလို ပြောရမလား မသိဘူး ။ အတူတူရှိလာတဲ့နှစ်က မနည်းခဲ့တော့ .. ဘယ်အရာကိုပဲလုပ်လုပ် သူမရှိတော့ဘူးဆိုတာက တော်တော်လေး လက်ခံနိုင်ဖို့ ခဲယဉ်းခဲ့တယ် ။ ပင်ပန်းတာ ၊ နာကျင်တာ .. အကုန်လုံးပဲ ။ အိပ်ရာက နိုးလာတဲ့အခါ ဘေးနေရာလွတ်နေတာကိုရော ၊ တစ်ခုခုဖြစ်ခဲ့တဲ့အခါ သူ့နာမည်ကို အော်ခေါ်မိတာအထိ .. ဘယ်တစ်ခုနဲ့မှ ကျင့်သားမရခဲ့ဘူး "

ဂျဲနိုက ဂျယ်မင်းကို ကြည့်မနေပါ ။
ဟယ်ချန်းကို ကြည့်ရမှာကိုလည်း စိုးရွံ့နေသလို .. ကင်မရာကိုသာ စိုက်ကြည့်ပြီး ငေးငေးဆွေးဆွေး ပြောနေခဲ့သည် ။

" တခြားထက် နေ့စဉ်လုပ်ရိုး ကိစ္စရပ်တွေကအစ သူနဲ့ ပြည့်နေခဲ့တာမို့ သူမရှိတော့ဘူးဆိုတာကို ကိုယ့်ဘာသာ အမြဲသတိပေးနေရင်းကကို ‌အယောင်ယောင်အမှားမှားပါပဲ ။
ရူးသွားပြီလားလို့ ထင်ခဲ့မိတဲ့အထိ .. အကုန်လုံး ပြိုလဲသွားခဲ့တယ်ထင်တယ် "

သူ့စကားကို လှလှလေး အဆုံးသတ်သည့် ဂျဲနိုက ဂျယ်မင်းကို တစ်ချက်ပြန်ပြီး ငေးကြည့်လာသည် ။
သူ့ကို အပြုံးဖျော့ဖျော့နှင့် ပြန်ကြည့်သည့် မျက်၀န်းလှလှလေးက ဝိုင်းဝိုင်းဆွေးဆွေး ။
သနားနေသည့် အကြည့်တွေ မဟုတ်တာ သေချာပေမဲ့ .. လွမ်းမောစရာတော့ ဖြစ်လို့နေ၏ ။

" ကျွန်တော်တို့နဲ့ သူတို့က မေဂျာချင်းယှဉ်ရင် စာတွေအများကြီး ကွာခဲ့တာ ။ ကျွန်တော်က စာပုံထဲ ရောက်နေချိန်မှာ သူဂိမ်းဆော့လို့ရနေခဲ့သလိုပေါ့ ။ မညာစတမ်းပြောရရင် .. စာနဲ့ လုံးပမ်းပြီး အဆင်ပြေသွားမယ် ထင်ခဲ့တာ .. ဒါပေမဲ့ ထင်ခဲ့သမျှ မမှန်ခဲ့ပါဘူး "

ဂျယ်မင်းက အပြုံးဖျော့ဖျော့လေးကို ချိတ်ဆွဲရင်း သက်ပြင်းသဲ့သဲ့လေးကို ချလာသည် ။

Untill The Last QuestionWhere stories live. Discover now