The Start Of Making Up

1.4K 143 8
                                    

မျှော်မှန်းထားသည့်အတိုင်း ၊ ထင်ထားကြသည့်အတိုင်းပင် ။
ဂျဲနိုနှင့် ဂျယ်မင်း၏ Videoက ကြည့်ရှုသူ အများဆုံး ဖြစ်ခဲ့သည် ။
ထင်မြင်ချက်ပေးသူတွေ ၊ အကောင်းပြောသူတွေ များသည့်အပြင် မကောင်းပြောသူတွေလည်းရှိ၏ ။

ဂျဲနိုရဲ့ ဖန်တွေ အများစု ၊ ပြီးတော့ ဓာတ်ပုံဆရာလေး ဂျယ်မင်းကို သဘောကျ နှစ်သက်ကြသူတွေက သူတို့ရဲ့ နှစ်အတော်ကြာ ရေငုံနှုတ်ပိတ်နေတဲ့ ချစ်ခြင်းရဲ့အကြောင်းတရားတွေမှာ တအံ့တဩ ဖြစ်ခဲ့ကြရပြီး တော်တော်များများသော ဂျဲနိုရဲ့ ပရိသတ်တွေက ဂျယ်မင်းကို ဂျဲနိုဘယ်လောက်တောင် ချစ်သလဲလို့ မျက်၀န်းတွေထဲ အဖြေရှာခဲ့ကြသည် ။

ပြီးတော့ ဂျဲနိုရဲ့ မျက်၀န်းတွေထဲမှာ ဂျယ်မင်းအတွက် အချစ်တွေ အများကြီးရှိတာကို အဲ့ဒီ Videoတစ်လျှောက်လုံး သူတို့ မြင်တွေ့ခဲ့ကြရသည် ။
၀မ်းသာစရာက ဂျယ်မင်းရဲ့ ပင်ပန်းသလိုမျက်၀န်းတွေထဲမှာ ဂျဲနိုကို ချစ်နေသေးတာ ‌တွေ့ရှိခဲ့ကြပြီး ၀မ်းနည်းစရာကောင်းတာက ကာယကံရှင်နှစ်ယောက် ဒီဇာတ်လမ်းကို ဆက်ကြပါဦးမလား ဆိုတာပင် ။

ဂျဲနိုက ရုတ်တရက် scheduleကြောင့် အဲ့ဒီ Videoထွက်လာတဲ့ရက်မှာ ကိုရီးယားမှာ မရှိဘဲ တရုတ်ကို ရောက်နေရသည် ။
ဂျယ်မင်းက အထီးကျန်သလို ..။

✉️ ဂျယ် .. ဒီဖုန်းပဲမလား

အဲ့ဒီနေ့က ဂျဲနိုက ဂျယ်မင်းတစ်ယောက်တည်းလို့ ခံစားနေရမှာစိုးလို့ အလုပ်ရှုပ်နေသည့်ကြားက အဖော်ပြုပေးဖို့ ရွေးခြယ်ခဲ့ပေမဲ့ အဲ့ဒီစာလေး တစ်ကြောင်းကို ပို့ဖို့အတွက် တစ်နာရီလောက် အချိန်ယူခဲ့ရကြောင်း ၊ ဂျယ်မင်းကလည်း စာ၀င်လာပြီးတာကို တအံ့တဩနဲ့ နာရီ၀က်လောက် ငေးကြည့်နေခဲ့ကြောင်း သိကြမှာတော့ မဟုတ်ပါပေ .. မဟုတ်ရင်လည်း ထုတ်မပြောဘဲ သူတို့ သိနိုင်လောက်မည် ။

အဲ့ဒီစာ မ၀င်လာခင် နောက်ဆုံးစာပို့ထားခဲ့ကြတာက သူတို့ လမ်းခွဲပြီး သုံးလေးရက်အကြာတုန်းက ။
" ကိုကိုက ငါ့အ၀တ်တွေ လာယူနေပြီ " လို့ ဂျယ်မင်းက ပို့ထားတဲ့စာရယ် ၊ " အင်း " လို့ ဂျဲနိုက ပြန်ပို့တဲ့ စာရယ်ပဲ ရှိသည် ။

Untill The Last QuestionWhere stories live. Discover now