မေးခွန်း (၁၈) + (၁၉)

863 125 1
                                    

မေးခွန်း(၁၈) လမ်းခွဲပြီး နောက်ပိုင်းမှာ ဘွဲ့ယူတော့ တွေ့ခဲ့တာပြီးရင် ပြန်တွေ့ဖြစ်ခဲ့သေးလား ?
-

" မတွေ့ဖြစ်ခဲ့ဘူး ထင်တယ် "

ဂျဲနိုဖြေတာကို ဂျယ်မင်းက ခေါင်းညိတ်ပြလာ၏ ။
သူတို့နှစ်ယောက် ဘယ်မှာမှ မတွေ့ဖြစ်ခဲ့ကြ ။

" ဒါပေမဲ့ ကျွန်တော်က ဂျယ်မင်းရဲ့ ပထမဆုံး ဓာတ်ပုံပြပွဲကို သွားခဲ့တယ် .. သူမသိပေမဲ့ ။ ကျွန်တော်တို့က တစ်ဘ၀လုံး လုပ်သွားရမဲ့အလုပ်ကို စတင်တဲ့ရက်မှာ အချင်းချင်း ဘယ်လို အားပေးခဲ့ကြမယ်လို့ ကတိတွေပေးခဲ့ဖူးတယ် ။
ကျွန်တော် အဲ့ဒီကို သွားခဲ့တာ ဂျယ်မင်းမသိပါဘူး "

ဟယ်ချန်းနဲ့ အတူတူ အံ့ဩနေသည်က ဂျယ်မင်းဖြစ်သည် ။
သူဒါတွေ ဘယ်တုန်းကမှ မသိခဲ့ဘူးပါ ။
ပထမဆုံး ပြပွဲက လွန်ခဲ့သည့် တစ်နှစ်က ဖြစ်၏ ။
ဂျဲနိုက သူ့ကိုလည်း လာမတွေ့ခဲ့ပါ ..။

" ဂျယ်မင်းရှီကရော ? "

" ဒီလိုပြောလို့ အဆင်ပြေပါ့မလားမသိဘူး ..
ဂျဲနို ပထမဆုံးလျှောက်တဲ့ရှိုးကို ကျွန်တော်သွားခဲ့သေးတယ် ။
သူ့ကို မြင်ပြီးတော့မှ ပြန်လာခဲ့တာ ။ အဲ့ဒီတုန်းက သူက ဂျူနီယာလေးမို့ထင်တယ် အစောကြီး ပြီးခဲ့တာမို့ ။ သူကတော့ သေချာပေါက် မသိဘူးပေါ့ "

တစ်ယောက်နဲ့တစ်ယောက် အံ့ဩပြီး ကြည့်နေကြသည့် သူတို့ကို ဟယ်ချန်းကတော့ ခေါင်းတခါခါ ။

လမ်းခွဲပြီးသွားတာတောင် သူတို့က ကတိတွေတည်ဖို့ မပျက်ကွက်ခဲ့ကြ ။
မျက်နှာချင်း မဆိုင်နိုင်ခဲ့ကြတာတောင်မှ သူတို့က တစ်ယောက်ကိုတစ်ယောက် ပထမဆုံးတွေမှာ အားပေးခဲ့ကြသည် ။

တကယ်ကို ချစ်ခြင်းမေတ္တာဆိုတာအကြောင်း ..
ဟယ်ချန်းက သူ့သူငယ်ချင်းနှစ်ယောက်ကို အခုအချိန်မှာ ပြန်ကြိုက်ကြပါလားလို့ အခန်းထဲ ထည့်ပိတ်ထားချင်စိတ်တွေသာ ရှိပါ၏ ။

..................

မေးခွန်း (၁၉)
တစ်ယောက်အပေါ်ကို Move onလုပ်ဖို့ အချိန်ဘယ်လောက်ယူခဲ့ရလဲ ? Move On လုပ်လိုက်နိုင်ပြီဆိုတာကို ဘယ်လိုမျိုး သေချာသိခဲ့လဲ ?

-

" ရှာလကာရည်ပဲ သောက်လို့ရလား "

ဒီတစ်ခါ မေးလာသူက ဂျဲနိုဖြစ်သည် ။
ဂျယ်မင်းက မျက်လုံး‌ဝိုင်းလေးတွေနှင့် ဂျဲနိုကို ကြည့်လာ၏ ။

" မဖြေချင်လို့ပါ .. "

တိုးတိတ်စွာဖြေသည့် အသံနောက်မှာ ဂျဲနိုကို ကူညီဖို့ ဂျယ်မင်းကပါ ရှာလကာရည် တစ်ခွက်ကို ယူလိုက်တာမို့ ဟယ်ချန်းက မျက်လုံးတွေပါ ပြူးရသည် ။

" ကျွန်တော်လည်း မ‌ဖြေချင်ဘူး "

ရှာလကာရည် နှစ်ခွက်ကို လက်က ကိုင်ထားရင်း ဟယ်ချန်းဆီက အဖြေကို စောင့်နေကြသည့် ဂျဲနိုနဲ့ ဂျယ်မင်းကို ဟယ်ချန်းက ဘာပြန်ပြောရမလဲ စဉ်းစားမရ ။

" နှစ်ယောက်လုံး မဖြေရင်တော့ penalty ။
Love Shotသောက်ရမယ် "

Evil လို့ အကုန်လုံးက ခေါ်ရလောက်အောင် ပီသသည့် ဟယ်ချန်းပင် ။
ဂျဲနိုနဲ့ ဂျယ်မင်းက မသောက်တော့ဘူးလို့ မငြင်းတာက ပိုပြီး မေးခွန်းထုတ်စရာ ဖြစ်နေ၏ ။

တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဂျဲနိုနှင့် ဂျယ်မင်းက အဆင်ပြေသလို လက်ကိုချိတ်ကာ တစ်ကျိုက်တည်း မော့ချလိုက်ကြသည် ။

ချဉ်နေသည့် မျက်နှာနှစ်ခုကို ကြည့်ပြီး ပျော်နေရမည့်အစား ဟယ်ချန်းက အားမရပါ ။

မဟုတ်မှလွဲ .. အခုထိ နှစ်ယောက်လုံးက တစ်ခါလေးတောင်မှ move onမဖြစ်ကြသေးဘူးလား ?
တစ်ယောက်အပေါ် တစ်ယောက်ကိုလေ ?

Untill The Last QuestionWhere stories live. Discover now