မေးခွန်း (၁၃) + (၁၄)

885 124 9
                                    

မေးခွန်း (၁၃) အမှတ်တရဆုံး ပျော်စရာDate တစ်ခုအကြောင်း ။

-

" တွဲတာ နှစ်နှစ်နဲ့ သုံးလပြည့်တဲ့နေ့က ဂျယ်မင်းက ကျွန်တော့်ကို Bungee Jump ခုန်ချင်လို့ဆိုပြီး လိုက်ပို့ခိုင်းဖူးတယ် ။ ပြီးတော့ တကယ်လည်း အဲ့နေရာကို ရောက်တော့ ကားပေါ်ကတောင် မဆင်းတော့ဘူး ။ 'ဂျယ်နိုရား ငါကြောက်တယ်' ၊ 'ငါကြောက်တယ်လို့ ဆက်တိုက်ပြောနေတာ' ဆိုတာကို အသံသေးသေးလေးနဲ့ ပြောပြီး သူက တကယ်ကြောက်နေခဲ့တာ သိသာတယ် ။ ဒါပေမဲ့ သူ့ကို ချော့ပြီး အပေါ်ရောက်အောင် မနည်းခေါ်သွားခဲ့ရတာ ။ တစ်ခါလည်းခုန်ပြီးရော ထပ်ခုန်ချင်လို့ဆိုပြီး နှစ်ခါတောင် သူက ကျွန်တော့်ကိုပါခေါ်ပြီး အတူတူထပ်ခုန်ခဲ့တာ ။

စစချင်း ဖြူဖျော့ပြီး ကြောက်နေတဲ့ ဂျယ်မင်းမဟုတ်တော့ဘဲ လုပ်ချင်တာ လုပ်ရတော့ မြူးတူးနေခဲ့တဲ့ အဲ့ဒီမျက်နှာ ။
ပျော်ရွှင်နေခဲ့ကြတယ်ထင်တယ် .. Dateတွေ အများကြီးထဲမှာ အဲ့တာကို ပြန်အတွေးမိဆုံးပဲ "

ဘယ်လိုပဲဖြစ်ဖြစ် ဂျဲနိုက Professionalဆန်သည် ။
သူလုပ်နေရသည့် ကင်မရာရှေ့က အလုပ်တွေကြောင့် ကျင့်သားရနေပြီးသားမို့ အနည်းနှင့်အများ သူ့ဘာသာ ထိန်းပြီး နည်းနည်းပါးပါးတော့ ပြုံးရယ်လာ၏ ။

အဲ့ဒီနေ့တုန်းက ဂျယ်မင်းရဲ့ပုံစံက ဂျဲနိုပြောတာနဲ့တင် ပုံဖော်လို့ ရနေသည်မို့ ဟယ်ချန်းက ပြုံးမိရသည် ။
တိတ်ဆိတ်နေသည့် ဂျယ်မင်းက ဟယ်ချန်း သူ့ကိုကြည့်ပြီး ပြုံးနေတာကို မြင်တော့ ထိန်းဖို့ သတိရသွားပုံပေါ်သလို သေးသေးလေး ပြုံးလာသည် ။

အပြုံးတွေက ကူးစက်တတ်တယ် ထင်ပါရဲ့လေ ..။

" တစ်နှစ်ပြည့် နှစ်ပတ်လည်တုန်းက ဂျဲနိုက ခေါ်သွားပေးတဲ့နေရာ ။ အဲ့ဒီနေရာကို အမှတ်အရဆုံးပဲ ။
ကမ်းခြေဘေးမှာ မီးလုံးသေးသေးလေးတွေ ပတ်ပတ်လည်ကာထားတဲ့ ရုပ်ရှင်ထဲကလို ညစာစားပွဲမျိုး ။
ဟိုတယ်ထဲကနေ ထွက်ပြီး ကမ်းခြေပေါ်မှာ ရေလှိုင်းသံတွေနဲ့ အတူတူ စားခဲ့တဲ့ညစာ ။

ပထမဆုံးတွေအများကြီးပဲ .. အဲ့ဒီလို ရိုမန်တစ်ဆန်တဲ့နေရာကို ပထမဆုံးရောက်ဖူးတာ ၊
အဲ့ဒီလို ချစ်စရာကောင်းတဲ့ညစာကို ပထမဆုံးစားဖူးတာ ၊
ကမ်းခြေမှာ မဆော့ဘဲ ညဘက်ညနက်တဲ့အထိ ပထမဆုံးနေဖူးတာ ၊ ကျွန်တော်တို့ရဲ့ ပထမဆုံးအထိ ။
တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ .. အဲ့ဒီနေ့က တကယ်ကို စိတ်ထဲမှာ သဘောအကျဆုံး Dateဖြစ်ခဲ့မယ်ထင်တယ် "

Untill The Last QuestionWhere stories live. Discover now