We Decided To Break Up

1K 117 18
                                    

" ပြန်လာပြီလား "

" အင်း ပင်ပန်းနေတယ် "

အိမ်ထဲကို ၀င်လာသည့် ဂျယ်မင်းက မျက်လုံးနှစ်လုံးကို ပွတ်လို့ အိပ်မှုန်စုံဝါးနှင့် ။
အချိန်အားဖြင့် ညဆယ်နာရီခွဲ ။

သူ့မျက်လုံးတွေကို ဆုံမကြည့်ဘဲ ဂျယ်မင်းက အိပ်ခန်းဆီကို တန်း၀င်သွားသည် ။
ဂျဲနိုက ဂျယ်မင်းသွားရာတလျှောက်ကို ဆိုဖာပေါ်ကနေ လိုက်ကြည့်နေရင်း နာရီကို တစ်ချက်ပြန်ကြည့်မိသည် ။

ထွက်လာသည့် ဒေါသကို မျိုသိပ်ရင်း အေးစက်နေသည့် သူ့တင်ပါးအောက်က ဆိုဖာအသားကို သတိထားမိလာ၏ ။
ဂျဲနိုက ဆိုဖာပေါ်ကို ခုနကမှ တက်ထိုင်လိုက်တာ ..
အဲ့ဒီဆိုဖာက တစ်ချိန်လုံး အေးစက်နေခဲ့တာ ။

" နာဂျယ်မင်း "

ရေချိုးခန်းထဲကနေ ရေချိုးပြီး အ၀တ်အစားပါ တစ်ခါတည်းလဲထွက်လာသည့် ဂျယ်မင်းက သူ့နာမည် အပြည့်အစုံကို ခေါ်လာသည့် ဂျဲနိုကို အံ့ဩသလိုဖြစ်သွားပေမဲ့ စိတ်ရှုပ်ထွေးဟန်နဲ့ ကြည့်လာ၏ ။

ငါ့ကို အဲ့ဒီလို ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့ မကြည့်နဲ့ ဂျယ် ..
မင်းနာမည်အရင်းကို အသံမာမာနဲ့ခေါ်နိုင်ဖို့ ငါ့စိတ်တွေ နာကျင်ထားရတယ် ။

" အချိန် ဘယ်လောက်တောင် နောက်ကျနေပြီလဲ မင်းသိလား .. ငါတစ်ချိန်လုံးစောင့်နေတာရော မင်းသိလား "

" မဖြစ်မ‌နေ လုပ်ရတဲ့ အလုပ်လေ ဂျန် .. ငါလည်း မတတ်နိုင်ဘူး "

" အနည်းဆုံးတော့ မင်းဒီလောက် နောက်ကျမှာဆို ဖုန်းလေးကြိုဆက်ခဲ့သင့်တာ မဟုတ်ဘူးလား ငါ့ကိုလေ "

" ငါ့ ဖုန်း အားကုန်သွားတယ် .. ငါ့ဖုန်းလည်း အားကုန်သွားပြီး ငါလည်း တစ်နေကုန် ပင်ပန်းနေပြီမို့ "

ဂျဲနိုက စိတ်မရှည်သံပေါက်လာတာကို ဂျယ်မင်းက ထူးပြီး ရှင်းပြမနေ ။
စိတ်ရှုပ်နေသည့် အကြည့်တွေက ပိုပြင်းထန်လာပြီး ဂျဲနိုရဲ့ စိတ်ထဲကို ပိုပြီးတောင် တင်းကြပ်လာစေ၏ ။

" မင်း ပင်ပန်းတာလား ? အဲ့ဒီကောင်က ငါတို့‌အိမ်ရှေ့မှာ မင်းဆံပင်ကို သပ်ပေးနေတာ မင်းပင်ပန်းတာလား ? ဟမ် .. ငါဒီမှာ အဲ့ဒီကောင်နဲ့ မင်း အပြင်တူတူသွားရတာကို ဘယ်လိုစိတ်နဲ့ စောင့်နေရလဲ မင်းသိလား !! "

Untill The Last QuestionWhere stories live. Discover now