မေးခွန်း (၂၉) + (၃၀)

851 122 4
                                    

မေးခွန်း (၂၉) ဒီလူက "တစ်ဘ၀လုံးမှာ တစ်ယောက်တည်းရှိနိုင်မဲ့လူ" ဆိုတာမျိုး တွေးခဲ့ဖူးလား ? အခုရော သူ့ပုံစံအတိုင်း နောက်ထပ်တစ်ယောက်ကို မချစ်နိုင်တော့တာမျိုး ၊ သူ့ပုံစံအတိုင်း နောက်ထပ်တစ်ခေါက် အချစ်မှာ ပျော်၀င်ပစ်နိုင်ဖို့ မ‌လွယ်တော့တာမျိုး .. အဲ့ဒီလိုလူ ဖြစ်နေတုန်းပဲလား ?

-

" အင်း .. ဖြစ်နေတုန်းပဲ ထင်တယ် "

ဂျဲနိုက တုံ့ဆိုင်းမှုမရှိ ဖြေသည် ။
ခေါင်းတညိတ်ညိတ်လုပ်ရင်း ဟယ်ချန်းကိုတော့ သေချာကြည့်ပြီး ဖြေလေ၏ ။

တစ်ဘ၀လုံးမှာ တစ်ယောက်တည်း ရှိနေနိုင်မဲ့သူ တဲ့ ။
သေချာပါသည် ..။
သူငယ်ချင်း သက်တမ်း အရှည်ကြီး .. ဒီလောက်ထိအောင် ဂရုစိုက်ပေးနိုင်တဲ့သူ .. သူငယ်ချင်းကနေ တွဲခဲ့တဲ့သူ ။
တကယ်ကို တစ်ယောက်တည်းပဲ ဖြစ်၏ ။

" ပြောရရင် ငယ်ရွယ်မှုပေါ့ ။ အချစ်ကို လက်တည့်စမ်းဖို့ အကောင်းဆုံးအချိန်မှာ စတွေ့ခဲ့တယ် ။ အဲ့ဒီအချိန်မှာ စမတွဲခဲ့ပေမဲ့ လူငယ်လို့ လူတွေကလက်ခံကြတဲ့ အရွယ်မှာ ကျွန်တော်တို့ စတွဲခဲ့တယ် ။ အချိန်တွေအများကြီး အတူရှိခဲ့ပြီး အဲ့ဒီအချိန်တွေက ငယ်ဘ၀လို ဖြစ်ခဲ့တာမို့ သူ့ကိုချစ်တာက သူငယ်ချင်းလို ၊ ကောင်လေးလို နှစ်ဆပိုပါတယ် ။ နောက်တစ်ယောက်တော့ သူ့လိုလူ ရှိမလာတော့ဘူး .. ကျွန်တော် အဲ့တာကို ထင်တာထက် သေချာလိမ့်မယ် "

ဂျဲနိုက အဲ့ဒီလေသံနဲ့ စကားပြောတာကို ဂျယ်မင်းက တဖြည်းဖြည်း သဘောကျလာသည် ။
တကယ်တော့ အရင်ကတည်းက သဘောကျပြီးသားဖြစ်ပါ၏ ။

ဂျဲနိုက ဖြေပြီးပုံထောက်တော့ ဟယ်ချန်းက သူ့ကိုကြည့်လာသည် ။

" အတူတူပဲ .. ဂျန်က ရှေ့က ဖြေသွားတာကို ပြီးပြည့်စုံပြီ ထင်လို့ ။ နောက်ထပ်တစ်ယောက် .. သူ့လိုလူ .. အဲ့တာမျိုး ရှိလာနိုင်မယ်လို့တောင် မစဉ်းစားဖူးဘူး ။ နောက်တစ်ယောက်ကို ရှိလာခဲ့ရင် သူ့လိုမျိုး ချစ်ပေးဖို့က မဖြစ်လောက်ပါဘူး .. ပုံစံတွေက တူညီမှာမဟုတ်ဘူးလေ ။
အခုထိ ဂျဲနိုက အဲ့ဒီလိုလူ ဖြစ်နေတုန်းပဲ ။

Untill The Last QuestionKde žijí příběhy. Začni objevovat