မေးခွန်း (၉) + (၁၀)

891 122 0
                                    

မေးခွန်း (၉) တစ်ဖက်လူမှာ ရှိတဲ့ အပြင်စေချင်ဆုံးအချက် ?

-

" ကျွန်တော်အရင်ဖြေပါ့မယ် "

ဂျဲနိုက ပထမဆုံး ပြောလာတော့ ဘာကိုပြောမလဲဆိုတာကို သိနေပြီးသားလူလို ဂျယ်မင်းက ပြုံးပြီး တစ်ဖက်ကို လှည့်သွားသည်မို့ ဟယ်ချန်းက ခေါင်းလေးပဲ ဆတ်ပြလိုက်သည် ။

" အားသာချက်က အားနည်းချက်ပဲ ဆိုတာလိုမျိုးပေါ့ .. ဂျယ်မင်းကို ကျွန်တော်သဘောအကျဆုံးထဲက တစ်ချက်ကို ပြင်စေချင်တယ် ။ အမြဲတမ်း ပြုံးနေတာနဲ့ လူတွေကို ကူညီတတ်တာကိုပါ "

" အဲ့တာကိုပဲ ပြန်ရောက်လာတာပဲ "

ဂျယ်မင်းက တိုးတိုးလေးပြောပေမဲ့ ဂျဲနိုက ကြားသည်မို့ တစ်ချက်လှည့်ကြည့်လာ၏ ။ သူဘာမှမပြောသလို ဟန်ဆောင်တဲ့ ဂျယ်မင်းကြောင့် သူက ရှေ့ကို ပြန်လှည့်သွားရသည် ။

" ၀မ်းနည်းစရာရှိရင် ၀မ်းနည်းရကြောင်း ကျွန်တော်က သူ့ကိုပြောစေချင်တယ် ။ ဒါပေမဲ့ သူက ဒီလို .. အမြဲ ဘာမှ မပြောဘူးဆိုတဲ့လူ ဖြစ်နေတာကိုပဲ "

သူ့ပါးစပ်ကို ဇစ်ပိတ်သလို ဟန်လုပ်ပြလာတဲ့ ဂျဲနိုမျက်နှာအရ သူ့ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောနေတဲ့ စကားတွေမှန်း သိသာသည် ။

" အမြဲတမ်း ပြုံးနေတာကို ကျွန်တော်ကတော့‌ အဆင်မပြေရင် ထုတ်ပြောစေချင်တာ .. ၀မ်းနည်းလား ခဏလောက် ပြိုလဲလိုက်လို့ ဖြစ်တယ် ဆိုတာမျိုး ။ ပြီးတော့ သူများကို ကူညီတတ်တာမှာ သူက အတိုင်းအတာ တစ်ခုကို ကျော်တယ် ။ သူစာမေးပွဲ မနက်ဖြန်မို့ စာအရမ်းကုန်းကျက်နေရချိန်မှာ တစ်ယောက်ယောက်က ဒါလေးကူလို့ရမလားဆို .. ကျက်နေတဲ့စာကို ရပ်ပြီး သူသိသမျှ အကုန်ထိုင်ရှင်းပြနေတာမျိုး ။ ပြီးရင် တစ်ညလုံး သူမအိပ်ရတော့ဘူး ။ ကျောင်းသွားနေရင်း မိုးရွာလာတဲ့အခါ လမ်းမှာ ပိုပြီး အရေးကြီးတယ်ထင်လို့ဆိုပြီး လူတွေကို ထီးပေးပစ်ပြီး ကျောင်းကို သူက ကြွက်စုတ်လေးလို ရောက်လာတာက ရှိသေးတယ် ။ အဲ့လို သူ့အတွက် ထိခိုက်စရာတွေကိုတောင် သူက ဘာမှမဖြစ်သလို ကူညီလိုက်တာပဲ ။

Untill The Last QuestionWhere stories live. Discover now