Our Past : We Loved

1.8K 157 3
                                    

" ဟယ်ချန်းနီး .. ဘာလို့ ဖုန်းဆက်တာလဲ "

" မင်း ‌ပြိုင်ပွဲကိစ္စ ကြားပြီးပြီမလား "

ညနေ အလုပ်ပြီးလို့ အိမ်ပြန်ရောက်ရောက်ချင်း ဟယ်ချန်းဆီက ဖုန်း၀င်လာကတည်းက ဘာကိစ္စလဲ ဆိုတာကို သူက သိပြီးသားဖြစ်သည် ။

" အင်း .. ကြည့်ရှုသူ အများဆုံး ပြိုင်ရမယ်ဆိုတာ ။
ငါတို့ Batchအနေနဲ့က ဟျောင်း စီစဉ်ရမှာမလား "

" ပြိုင်ပွဲကိစ္စက အခု သူစီစဉ်နေတာ "

ဟျောင်းလို့ သူခေါ်တာက ဟယ်ချန်းနီးရဲ့ ကောင်လေး အစ်ကိုမင်ဟျောင်းကိုပင် ။
အစ်ကိုမင်ဟျောင်းက သူတို့တက်ခဲ့တဲ့ အနုပညာတက္ကသိုလ်မှာ သူတို့Batchရဲ့ ကျောင်းသားခေါင်းဆောင် ဖြစ်သည် ။
နေမကောင်းဖြစ်ပြီး တစ်နှစ်အောက်ခဲ့ရသည့် မင်ဟျောင်းက သူတို့နှင့်အတန်းတူ ဖြစ်ခဲ့ပြီး Batchရဲ့ ကျောင်းသားခေါင်းဆောင်ဖြစ်လာခဲ့ခြင်း ။

အခု သူတို့ ပြိုင်ပွဲဆိုတာက အပျော်လည်း ဟုတ်မနေဘဲ ကျောင်းကနေကို ကျောင်းသားဟောင်းတွေ Batchအလိုက်ပြိုင်ပွဲဆိုပြီး emailတွေ ပို့လာသောကြောင့်သာ ။
အများကြီးလည်း မဟုတ်ဘဲ ကျောင်းကို နောက်ဆုံးပြီးထားကြတဲ့ ကျောင်းသားဟောင်း နောက်ဆုံးနှစ် Batchငါးခုက တစ်နာရီမကျော်တဲ့ Videoတစ်ပုဒ်စီ ပေးပို့ကြရန်သာ ။

ကြည့်ရှုမှုအများဆုံးရသည့် Videoကို ရိုက်နိုင်မည့် Batchအတွက် ရမည့်ဆုက ၀မ်တစ်သန်းဆိုတော့လည်း မက်လောက်စရာ ဖြစ်နေပြန်ပြီး ဘယ် Batchကမှ ငြင်းဆန်ခွင့်မရှိလို့ Emailထဲမှာ ဆိုထားပြီးသားဖြစ်၏ ။

Batchအလိုက် ကျောင်းသားခေါင်းဆောင်တွေဆီ မေဂျာ မော်နီတာတွေက ဆက်သွယ်ဖို့ ၊ မေဂျာမော်နီတာတွေဆီ ကျောင်းသားတိုင်းက ဆက်သွယ်ဖို့ စာထဲမှာလည်း အပြည့်အစုံပြောထားပြီးသားဖြစ်ပြန်သည် ။

" အခုက ကျောင်းရန်ပုံငွေအတွက်လို့ မင်းထင်လား ချန်း "

" အင်း .. ခန့်မှန်းခြေတော့ တွက်ပြီး တစ်၀က်ကို ဆုပြန်ပေးမဲ့ ပုံစံမျိုး ဖြစ်နေတာ "

အသီးသီး အလုပ်ခွင်ကို ကိုယ်စီ ရောက်နေပြီးသားလူတွေ ၊ ပြောရရင် အရွယ်ရောက်ပြီးသား လူတွေချည်းပဲဆိုပေမဲ့ ကျောင်းအတွက် ပတ်သက်လာတဲ့အခါ သူတို့က အင်တိုက်အားတိုက် ပါ၀င်နေကြတုန်းပင် ။

Untill The Last QuestionWhere stories live. Discover now