making our love up

1.4K 142 8
                                    

ဂျဲနိုက မူးပြီး တကယ်ကို အိပ်မောတကျ ။
သူမသိတာက ဂျယ်မင်းက တစ်ညလုံး သူ့ရင်ခွင်ထဲမှာ အိပ်ပျော်‌နေခဲ့တာ ဆိုတာကိုပင် ။

နတ်ဘုရားရုပ်တုတွေလို စူးရှတဲ့ သူ့မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီကို တို့ထိလို့ သဘောတကျ ဖြစ်နေခဲ့တာ .. သူ့ရဲ့ဓာတ်ပုံဆရာလေးက ။
ပြီးတော့ သူမသိလောက်ပေမဲ့ တိတ်တိတ်ကလေးလည်း သူ့ကိုကြည့်ပြီး ငိုနေခဲ့သေးတာ ။

နှစ်ယောက်အိပ်ကုတင်ပေါ်မှာ တစ်ယောက်တည်း အမြဲတမ်းအိပ်နေခဲ့ရတဲ့ လူက ခေါင်းအုံးကို လူနှစ်ယောက်စာ အရင်ကလိုပဲ ထားထားတုန်း ။
ဒါပေမဲ့လည်း သူကတော့ အရက်မူးပြီး အိပ်ပျော်နေသည့်သူရဲ့ ရင်ခွင်ထဲကိုသာ အရဲစွန့်ပြီး ၀င်တိုးမိသည် ။

နွေးနွေးထွေးထွေး ထိန်းဖက်လာသည့်လက်တွေက သူ့ရင်ခွင်ထဲကနေ လွတ်မသွားအောင် ကာရံထား၏ ။
နိုးမလာပေမဲ့ အသိရှိနေသလို ၊ နေသားကျပြီးသားအရာတစ်ခုလို တင်းတင်းကျပ်ကျပ် ဆွဲဖက်ပြီး သူ့ရင်ခွင်ထဲထည့်ထားတော့ ဂျယ်မင်းက ပိုလို့တောင် တိုး၀င်မိသည် ။

သူပိုင်ခဲ့သည့်‌ ဒီနေရာက သူ့နေရာပင် ။
သူ့ကို အနွေးထွေးဆုံး အချစ်တွေပေးပြီး ပင်ပန်းခဲ့သမျှကို သူဒီနေရာမှာ ဖြေဖျောက်ပစ်ခဲ့တာတွေလည်း အမှတ်ရ၏ ။
နောက်ဆုံးဖြစ်ခဲ့တဲ့ နေ့ရက်တွေမှာ ဒီထွေးပွေ့မှုတွေကြားမှာပဲ မျက်ရည်တွေနဲ့ ၀မ်းနည်းခဲ့ရတာလည်း သတိတရ ။

အိမ်က အိမ်မဟုတ်ဘဲ လူတစ်ယောက်ရဲ့ ထွေးဖက်မှုက သူ့ရဲ့အိမ်ဖြစ်နေခဲ့တာ ။
လူတစ်ယောက်ဆိုတာကလည်း ဒီလူဖြစ်နေခဲ့တာ ။

" ငါလေ .. လွမ်းလိုက်တာ .. "

ဂျဲနိုမျက်နှာကို ခပ်ဖွဖွ တို့ထိနေရင်း အသံထွက်ရေရွတ်မိတော့ မျက်ရည်က ဘာရယ်မဟုတ်ဘဲ ကျလာသည် ။
မျက်ရည်ကျတာကို သတိထားမိကာမှ ၀မ်းနည်းစိတ်က လှိုက်တက်လာတော့ အမှတ်တရတွေအများကြီးနဲ့ ဂျဲနိုသူ့ကိုစောင့်နေခဲ့မှာတွေကို တွေးပြီး ငိုမိ၏ ။

ပြီးတော့ ဂျယ်မင်းက အဲ့ဒီနေရာလေးမှာပဲ အဲ့ဒီအတိုင်း အိပ်ပျော်သွားတော့သည် ။

Untill The Last QuestionМесто, где живут истории. Откройте их для себя