မေးခွန်း (၂၂) + (၂၃) + (၂၄)

889 128 2
                                    

မေးခွန်း (၂၂) မင်းတို့နှစ်ယောက် အတူတူ Relationshipတစ်ခုကို ပြန်တည်ထောင်နိုင်ဖို့ဆိုပြီး တွေးဖြစ်တာရှိခဲ့ဖူးလား ? ဘယ်နှစ်ခါလောက်ရှိခဲ့ဖူးလဲ ?

-

မေးခွန်းက ၃၅ ခု ။
ရှာလကာရည်တွေကိုပဲ တစ်ချိန်လုံး ထိုင်သောက်နေဖို့ မကောင်းသည်ကို ဂျယ်မင်းသိသည် ။
အခုမေးခွန်းကိုလည်း ဖြေဖို့ ခက်ခဲနေပြန်၏ ။

အရင်ဖြေမလားလို့ ဂျဲနိုကိုလှည့်ကြည့်တော့ သူကလည်း ကိုယ်အရင်ဖြေတာကို စောင့်နေသည့်ပုံ ။

မျက်လုံးလေးကို သုံးလေးငါးခါ ပုတ်ခတ်ပြ‌လိုက်တော့ ဂျဲနိုက နှုတ်ခမ်းစွန်းလေး ကော့တက်သွားရုံ ပြုံးလာ၏ ။
ဒါပေမဲ့လည်း အလျှော့မပေးပါချေ ။

" ကျွန်တော်က .. "

နောက်ဆုံးတော့ သူကပဲ အသံအရင် ထွက်လိုက်ရသည် ။
ကျေနပ်ပြုံးနှင့် ဂျဲနိုကို အဲ့အပြုံးပျောက်သွားအောင် ရှာလကာရည်သောက်ပြပစ်ချင်စိတ်ကိုတော့ မနည်းပြန်ဆွဲပြီး သူ့စိတ်အတွင်းဆုံးထဲ သွားသိမ်းလိုက်ရပါသေး၏ ။

" ရှိမိခဲ့မယ်ထင်တယ် .. "

မရေရာသည့် အဖြေကိုရသည့် ဟယ်ချန်းက မျက်မှောင်တကြုံ့ကြုံ့ ။
ဘာနေနေ အဖြေတစ်ခုဖြစ်ဖို့လိုသည်မို့ ဂျယ်မင်းက အဲ့ဒီလိုပြောခဲ့ခြင်းသာ ။

အစစ်အမှန်က ဘယ်လိုလဲ .. ငါအမြဲတမ်းမျှော်လင့်နေခဲ့သေးတယ်လို့ ထုတ်ပြောရမှာလား ?
အဲ့တာက မဖြစ်ပါ ။

" ရှိတယ် .. ရှိခဲ့တယ်ပေါ့ ။ အကြိမ်အရေအတွက်က ရေထားတာမဟုတ်တော့ ကျွန်တော်လည်း မပြောတတ်ဘူး ။ အခုထိဆို အချိန်တွေက သိပ်ကြာပြီလေ ။ အဲ့ဒီအတောအတွင်းဆိုတော့ မသေချာဘူး ဘယ်လောက်ဆိုတာ "

" ဒီနှစ်ထဲရော ?? "

ဟယ်ချန်းက ဟယ်ချန်းပါပင် ။
အတိအကျ မပြောသည့် ဂျယ်မင်းကို မကျေသည်နှင့် မေးခွန်းတစ်ခု ထပ်ထွက်လာ၏ ။

" One Question Only Mr.Lee Haechan ssi "

လက်ညှိုးလေးတစ်ချောင်းထောင်ပြီး ဂျယ်မင်းက ပြောတော့ ဟယ်ချန်းက နှုတ်ခမ်းဆူကာ မျက်စောင်းထိုးသည် ။
အင်း .. ပြီးတော့ စောင့်မျှော်နေရသည်က ဂျဲနို၏ အဖြေ ။

Untill The Last QuestionWhere stories live. Discover now