just you and me

1.5K 142 13
                                    

ဂျယ်မင်းက အခု စားပွဲပေါ်မှာ ထိုင်ရင်း သူ့အလုပ်ကဓာတ်ပုံတွေကို ပြင်နေချိန်မှာ ဂျဲနိုက အရင်ကအတိုင်း ဆိုဖာပေါ်မှာ ရုပ်ရှင်ကြည့်နေသည် ။

ပြောရရင် ဂျယ်မင်းက ဒီအိမ်ကလေးကို ပြန်ပြောင်းလာတာ တစ်ပတ်ကျော်ပြီ ။
သူတို့နှစ်ယောက် ပြန်တွဲတာကတော့ ဒီနေ့ဆိုရင် ဆယ့်ငါးရက်မြောက်ပင် ။

" ဂျယ် .. ပင်ပန်းနေပြီလား "

အချိန်က အခုမှ ကိုးနာရီ ။
ပျင်းပျင်းရိရိနဲ့ ဂျဲနိုက ဂျယ်မင်းကို ‌အနောက်ကနေ သိုင်းဖက်တော့ ဂျယ်မင်းက အံ၀င်ခွင်ကျ သူ့လက်မောင်းပေါ် ခေါင်းလေးမှီလာ၏ ။
သူက နောက်ကနေ သိုင်းဖက်တိုင်း အဲ့ဒီလိုလေး မှီတတ်တာ ဂျယ်မင်းဆီမှာ အရင်တည်းကရှိသည့် အကျင့်လေးပင် ။

" ပြီးတော့မှာလား "

" အင်း အငယ်လေးတွေပြင်ထားတာကို သဘောမကျလို့ ကိုယ့်ဘာသာလုပ်ကြည့်နေတာ "

‌အင်း လို့ ဖြေပေမဲ့ နောက်ဆက်တွဲအဖြေက ပြီးတော့မှာ မဟုတ်သေးကြောင်းကို တိုက်ရိုက်ဖြေပေးနေသလို ။
တစ်‌နေကုန်နီးပါး screenပေါ် အားစိုက်နေရသည့် ဂျယ်မင်းက မျက်တောင်တွေ ခဏခဏကို ခတ်လို့ ။

" ဘယ်အချိန် ပေးရမှာလဲ ဒီပုံတွေက "

" သန်ဘက်ခါ "

" အင်း ဟုတ်ပြီ ။ အဲ့ဒီတော့ ခဏထားထားခဲ့လိုက် ။
မနက်ဖြန်မှလုပ်တော့ ။ အခုတော့ နားရမယ် ။
Screentimeသိပ်များလွန်းနေပြီ "

ဂျဲနိုက သိုင်းဖက်ထားတဲ့သူ့လက်ကို ဖြည်ချရင်း ဂျယ်မင်းလက်တစ်ဖက်ကို ဆွဲလာသည် ။ ပြီးတော့ ဂျယ်မင်းကို ကလေးလေးလို ထခိုင်းရင်း အိပ်ခန်းထဲဆီ ခေါ်သွား၏ ။

" ခဏနားမယ်ဆိုပြီး ဘာလို့ အိပ်ရာထဲလဲ "

" ခဏထားခဲ့လို့ပြောတာပါ ။ ခဏနားမယ်လို့ မပြောပါဘူး ။
နားဖို့လိုနေတာက မင်း‌လေ .. ဒီမှာလှဲအိပ် "

မွေ့ယာဖြူဖြူကို စောင်ဖယ်ပေးရင်း ဂျယ်မင်းကို အိပ်ရာထဲထည့်တော့ ဂျယ်မင်းက မျက်စောင်းတထိုးထိုးနှင့် ။
ဒါပေမဲ့လည်း ဂျဲနိုကို မလွန်ဆန်နိုင်တာမို့ မလှဲအိပ်တာတောင်မှ မွေ့ယာပေါ်တက်ရင်း ကုတင်ခေါင်းရင်းကို ကျောမှီထားမိသည် ။

Untill The Last QuestionWhere stories live. Discover now