မေးခွန်း (၅) + (၆)

958 128 8
                                    

မေးခွန်း (၅)  First Dateက ဘယ်မှာလဲ ?

-

" First Date ? "

သူကြားလိုက်ရတာကို သေချာအောင် ဂျယ်မင်းက ဟယ်ချန်းကို ပြန်မေးတော့ ဟယ်ချန်းက ခေါင်းညိတ်ပြသည် ။

ဂျဲနိုကို တစ်ချက် ဂျယ်မင်းက လှည့်ကြည့်လိုက်ပေမဲ့ ဂျဲနိုက သူ့ကိုပဲ ပြောစေချင်နေသလို ပုံစံမို့ ဂျယ်မင်းက ရှေ့ကိုသာ ပြန်လှည့်လိုက်၏ ။

" ခရီးတိုလေး ထွက်ခဲ့တာ .. "

ဂျယ်မင်းရဲ့စကားကို ဟယ်ချန်းက တအံ့တဩ ဖြစ်သွားပေမဲ့ ဂျဲနိုက သူထင်ထားတဲ့အတိုင်းပဲ ဆိုသည့် မျက်နှာပေးနှင့် ။

" မဟုတ်ဘူးလေ .. First Dateက သက်သက်ပါဆို ။ မင်းက အခုထိ အဲ့တာကို First Dateလို့ ပြောတုန်း "

ဂျဲနိုက ၀င်ပြောတော့ ဂျယ်မင်းက စိတ်ရှုပ်ထွေးသွားဟန်နှင့် ။
ဟယ်ချန်းရော မင်ဟျောင်းရောက သူတို့နှစ်ယောက်ကြားကို ၀င်မပါနေ ။

" ဂျယ်မင်းရှီ အရင်ပြောပြပါ "

" သူဖွင့်မပြောခင်တည်းက ကျွန်တော်တို့က ဂျယ်ဂျူကို ခရီးထွက်ဖို့ အစီအစဉ်လေးရှိခဲ့တာ ။ သူဖွင့်ပြောပြီး တစ်ပတ်လောက်နေတော့ အဲ့ဒီကို သွားခဲ့ကြတာပဲ ။ ရည်းစားတွေဖြစ်ပြီး ပထမဆုံးအတူတူသွားတာက First Date မဟုတ်ဘူးလား .. ရှေ့ရက်တွေက အိမ်မှာပဲ မြင်ရတာကို "

ဂျယ်မင်းက အဲ့ဒီလိုကို စိတ်အလိုမကျသံနှင့် ပြောတော့ ဟယ်ချန်းတို့က တစ်မျိုးဖြစ်ပေမဲ့ ဂျဲနိုကတော့ သူသိပြီးသားဆိုသည့်အတိုင်းပင် နေလေ၏ ။
နှုတ်ခမ်းဆူလာသည့် ဂျယ်မင်းကို ကြည့်ပြီး ပြုံးပြန်တော့ ဂျယ်မင်းက မျက်စောင်းပါ ထိုးသေးသည် ။

" ဂျဲနိုရှီကရော ? "

" ကျွန်တော်တို့က First Dateထက် First Tripကို အရင်သွားလိုက်ရတာပါလို့ သူ့ကို တစ်ချိန်လုံးပြောတာ သူလက်မခံဘူး .. အခုထိပဲကြည့် ။ ကလေးလေးလို ငြင်းနေတာပါဆို ။ ကျွန်တော်ပြောတာက မတွဲခင်က စီစဉ်ထားတဲ့ ခရီးက First Dateဘယ်ဟုတ်မလဲ .. ဟုတ်တယ်မလား "

ဂျဲနိုစကားကို ဟယ်ချန်းက ခေါင်းညိတ်ပြတော့ ဂျယ်မင်းက ဟယ်ချန်းကိုပါ မကြည်သလို ကြည့်လာသည် ။

Untill The Last QuestionWhere stories live. Discover now