မေးခွန်း (၂၇) + (၂၈)

871 118 4
                                    

မေးခွန်း (၂၇) တစ်ယောက်ကို တစ်ယောက် တွေ့ခဲ့တာအတွက် နောင်တရတာမျိုးရှိလား ? 
-

" ဘယ်ကသာ .. ဘယ်လိုလုပ်ပြီး ရှိမှာလဲ "

ဂျယ်မင်းက ဘယ်သူ့ကိုမှ မစောင့် ၊ ဂျဲနိုကိုလည်း လှည့်မကြည့်ဘဲ ဖြေသည် ။

" သူ့ကို‌တွေ့ခဲ့ရလို့ ကျွန်တော်ပျော်ခဲ့ရတယ် ၊ အချစ်ခံခဲ့ရတယ် ၊ အမြဲတမ်း အလိုလိုက်ခံခဲ့ရတယ် ။ အဲ့တာတွေထက် သူနဲ့အတူတူရှိနေခဲ့ရတာ ..။ နောင်တရတာမျိုး မရှိပါဘူး ။ ဒီအတိုင်း .. ကံကောင်းတယ်လို့ ထင်တာပါပဲ "

ဟယ်ချန်းက အပြုံးသေးသေးလေးနှင့် ဂျယ်မင်းပြောတာ‌တွေကို နားထောင်နေ၏ ။
ဂျဲနိုကလည်း ပြုံးသယောင်လေး သန်းလို့နေသည် ။

" ကျွန်တော်က ဂျယ်မင်းကို တွေ့ခဲ့လို့ နောင်တရစရာမရှိပါဘူး ။ ဘယ်တော့မှလည်း နောင်တရဖြစ်လိမ့်မယ် မထင်ဘူး ။ ဆယ်ကျော်သက်ပေါ့ .. အဲ့ဒီနေ့ရက်တွေတိုင်းမှာ သူက ရှိနေခဲ့ပြီး ပြီးပြည့်စုံနေခဲ့တာ ။
စစတွေ့မဲ့နေ့ကို ပြန်သွားပြီး သူနဲ့ မရင်းနှီးဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်တောင် ကျွန်တော်က ဘာကိုမှ ပြောင်းလဲပစ်မှာမဟုတ်ဘူး ။ နောင်တဆိုတာမျိုး မရှိပါဘူး "

ဂျဲနိုပြောနေတာတွေကို ဂျယ်မင်းက ကဗျာရွတ်ပြနေသလို ခံစားရသည် ။
ဂျဲနိုက တကယ်ကို စိတ်နှစ်ပြီး စကားအရှည်ကြီးတွေနဲ့ ပြော‌နေတာ ။

အချိန်တွေ ပြန်လှည့်ဖို့က မဖြစ်နိုင်ပေမဲ့ ဖြစ်နိုင်ရင်လည်း ဂျယ်မင်းက ဂျဲနိုနဲ့ ထပ်ပြီး တိုက်မိဦးမှာ သူသိသည် ။
ဂျဲနိုက သူ့ကို မလွှတ်ဘူးဆို သူကရော လွှတ်စရာ ဘာအကြောင်းများရှိဦးမှာလဲလေ .. သူဂျဲနိုနဲ့ တွေ့ရတာကို ဘာနောင်တမှ မရခဲ့ပါချေ ။

............................

မေးခွန်း (၂၈) ဒီဆက်ဆံရေးမှာ ဘယ်ဟာကို နောင်တအရဆုံးလဲ ? လွန်ခဲ့တဲ့နှစ်နှစ်ကို ပြန်သွားရရင် ပြောင်းလဲပစ်ချင်တဲ့ အရာတွေရှိလား ?

-

ဟယ်ချန်းမေးလိုက်သည့် မေးခွန်းကို သူတို့က ရုတ်တရက် ပြန်မဖြေနိုင် ။
အကြာကြီး စဉ်းစားနေကြသည့် ခေါင်းတွေထဲမှာ လွန်ခဲ့သည့် နှစ်နှစ် ဆိုတာကိုပဲ ပါသည် ။

Untill The Last QuestionTahanan ng mga kuwento. Tumuklas ngayon