မေးခွန်း (၇) + (၈)

934 128 6
                                    

မေးခွန်း (၇) တစ်ယောက်ကိုတစ်ယောက် သဘောအကျဆုံး အချက် ?

-

" လွယ်တာပဲ .. ဒါပေမဲ့ မင်းအရင်ဖြေ "

ဂျယ်မင်းက မေးခွန်းကို ကြားပြီးပြီးချင်း အဲ့ဒီလိုပြောလာတော့ ဂျဲနိုက ရယ်မိရသည် ။
ဂျယ်မင်းက ကလေးဆန်တတ်ခဲ့တာ ၊ ပြီးတော့ အခုထိ အဲ့ဒီလိုလေးအတိုင်း ။

" အများကြီးပဲ .. ဂျယ်မင်းကို သဘောကျခဲ့တဲ့ အကြောင်းပြချက်တွေထက် နောက်ပိုင်းမှာက သူဖြစ်နေလို့ဆိုပြီး ဆက်ချစ်ခဲ့တာ ။ ဒါပေမဲ့ သဘောအကျဆုံးအချက်က အမြဲတမ်းပြုံးနေပြီး လူတွေကို ကူညီတတ်တာပါ ။ သူက အချိန်ပြည့် ဘာအကူအညီပဲတောင်းတောင်း ဖြည့်ဆည်းပေးချင်တတ်တာမျိုး ။ ပြီးတော့ ဒီအတိုင်းလေး ရှိနေရင်ကို ဒီလူက တောက်ပနေတာပဲ ဆိုတဲ့ ခံစားချက်လေးရှိတယ် ။ အဲ့တာကို သဘောအကျဆုံးပါပဲ ။

နောက်ထပ်တစ်ခု ကျွန်တော်နဲ့ ပတ်သက်တာပဲ ထပ်ပြောရရင် ကလေးဆန်တာပေါ့ ။ ဘယ်သူကမှ ကျွန်တော့်လောက် သူ လူကပ်တာရော ၊ ချွဲတာရော မခံခဲ့ရလောက်ဘူးထင်တယ် ။ စပြီး ရင်းနှီးခဲ့ရတဲ့ အချိန်တည်းက ဂျယ်မင်းမှာက cringeဖြစ်တဲ့ personalityရှိတယ် ။ ကလေးဆန်ပြီး ချွဲနေရတာကို သဘောကျတဲ့လူမျိုးပေါ့ ။ အရမ်းကြီး ဒါရမှ ဆိုပြီး ဖြစ်နေတာမဟုတ်ဘဲ ကျွန်တော့်ကို သူစလို့ရတဲ့ ၊ ရစ်လို့ရတဲ့အချိန်ဆိုတာမျိုး ကြည့်ပြီး သူ့သဘောကျ ချွဲတော့ ရစ်တော့တာပဲ ။ အဆင်မပြေတဲ့အချိန်ဆိုရင် အမြဲတမ်း ဘေးနားကနေ ‌ချော့ပေးတတ်တာရော ။ အလိုက်တသိနဲ့ အမြဲတမ်း နေပေးခဲ့တာ ဂျယ်မင်းက ။ အဲ့တာကိုလည်း သဘောကျတယ် ။ "

ဂျဲနိုက ခုနက ဂျယ်မင်းရဲ့ ကလေးဆန်တဲ့ပုံက ဥပမာလို သူ့စကားတွေကို လုံး၀အမှန်ပဲ ဆိုတဲ့ ပုံစံနဲ့ ပြောသွားသည် ။
ဒါပေမဲ့ ဟယ်ချန်းကတော့ ခံစားချက်ဖျက်ဆီးရေး ဆောင်ပုဒ်ကို ဆွဲကိုင်ထားသလိုပင် ။

" ကျွန်တော် တစ်ချက်ပဲမေးတာပါ ။ ဂျဲနိုရှီက အများကြီးဖြေသွားတယ် "

အကြောင်းသိတဲ့ ဂျဲနိုက ဘာမှပြောမနေတော့ဘဲ မျက်လုံးကိုပဲ လည်ပြတော့ ဂျယ်မင်းက ရယ်ပြီး သူပြောရမဲ့စကားကို စသည် ။

Untill The Last QuestionWhere stories live. Discover now