1.

2.4K 125 2
                                    

"Please get out of the way! "
(လမ်းဖယ်ပေးကြပါ)

ဆရာဝန်တစ်ယောက်၏အော်သံနဲ့အတူ ပြေးလွှားနေကြသော ခြေသံများ ၊ လူနာတင်လာသော တွန်းလှည်းမှ တဂျောင်းဂျောင်းမြည်နေသော ဘီးအသံနှင့် တဝီဝီမြည်နေသော ambulanceအသံများမှာ ကျက်သရေမရှိစွာဖြင့် ပနံတင့်လျက် ။

"What a pity! do you know what happened to her?  ''
(သနားစရာကောင်းလိုက်တာ သူ(မ)ဘာဖြစ်လာတာလဲ နင်သိလား)

တွန်းလှည်းပေါ်၌ပါလာသော လူနာအမျိုးသမီး၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကိုကြည့်ကာ စိတ်မကောင်းဟန် ဂရုဏာသက်သံများနှင့် တီးတိုးရေရွတ်သံများသည်လဲ ပျံ့လွင့်လျက် ။

ထိုအမျိုးသမီးငယ်အား တွန်းလှည်းပေါ်မှ လူနာကုတင်ပေါ်သို့ ပြောင်းရွှေ့နေရာချပြီးနောက် တခြားသူများနှင့်သီးသန့်ဖြစ်ရန် Dineal လိုက်ကာများကိုပိတ်ချလိုက်သည် ။

ထို့နောက် ချက်ချင်းရောက်လာသောတာဝန်ကျဆရာဝန်အား အရိုအသေတစ်ချက်ပေးကာ စမ်းသပ်ရန်ပြင်ရသည် ။

တာဝန်ကျဆရာဝန်မှ ကုတင်ပေါ်ရှိ တစ်ကိုယ်လုံး သွေးစွန်းနေသော အမျိုးသမီးငယ်အား တစ်ချက်ကြည့်ပြီးနောက်

"What happened? "
(ဘာဖြစ်တာလဲ)

"It's suicide case ''

"Again? "
(ထပ်ပြီးတော့လား?)

တာဝန်ကျဆရာဝန်မေးသမျှကို Dineal စိတ်မသက်မသာနှင့် သက်ပြင်းချကာ ခေါင်းညိတ်ပြလိုက်သည် ။

"She's so lucky every time haha ''
(သူ(မ)က အကြိမ်တိုင်းကံကောင်းနေတာပဲ )

တာဝန်ကျဆရာဝန်၏ ရယ်သံနှော၍ ပြောလာသော စကားကြောင့် Dineal ကြောင်,အ သွားရသည် ။

Suicide caseကို ရယ်တယ်ဆိုတော့ ဒီတာဝန်ကျဆရာဝန်က အကြင်နာတရားမဲ့တဲ့လူများလားလို့ Dinealစိတ်ထဲ၌ နားမလည်နိုင်စွာ တွေးနေမိသည် ။

စိတ်မသက်မသာဖြစ်နေပုံပေါက်သော Dineal၏ ပခုံးအား တာဝန်ကျဆရာဝန်က ခပ်ပွပွပုတ်ပေးကာ ရယ်သံနှော၍ ပြောလာသည် ။

"She's tried to die for 6th times except this time ''
(သူ(မ)သေဖို့ကြိုးစားတာ ဒီတစ်ခေါက်မပါတာတောင် ၆ကြိမ်ရှိပြီ )

VINE(Completed) Where stories live. Discover now