35.2

501 47 6
                                    


ဒီနေ့က နန့်ငယ် ပြန်မလာတဲ့ ၃ရက်မြောက်နေ့ ။

အင်း....နွယ်မအိပ်တာလဲ ၃ရက်နဲ့၃ညရှိပြီဖြစ်တဲ့နေ့ပေါ့ ။

နန့်ငယ်ကတကယ်ဆိုးတယ်.....စောစောပြန်လာခဲ့လို့မှာလိုက်ရဲ့သားနဲ့ အဲ့ဒီနေ့ထဲက ပြန်မလာတော့တဲ့နန့်ငယ်ကြောင့် နွယ်တို့အခန်းလေးထဲမှာ နန့်ငယ်ရဲ့အငွေ့အသက်တွေ ပျောက်ပြယ်သွားမှာစိုးလို့ နန့်ငယ်သိပ်ကြိုက်တတ်တဲ့ကော်ဖီတွေကို သောက်ရင်း နန့်ငယ်ပြန်အလာကို နွယ်ကထိုင်စောင့်နေခဲ့တယ်။

ဒုန်း ဒုန်း ဒုန်း ဒုန်း

ရုတ်တရက်တံခါးမကြီးကို တဒုန်းဒုန်း ထုနေတဲ့အသံကိုကြားလိုက်ရသောကြောင့် လက်ထဲက ကော်ဖီခွက်ကလေးကို အသာဘေးချကာ တံခါးဖွင့်ပေးရန် သွားလိုက်သည်။

တံခါးကို တဒုန်းဒုန်း ထုနေပုံထောက်ရင် နန့်ငယ်မဟုတ်မှန်းသိတာမို့ နွယ်က ခပ်အေးအေးပင် တံခါးကိုဖွင့်လိုက်သည်။

''ဟင်!! ''

တံခါးကိုဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့မျက်နှာကြောင့် နွယ် အနည်းငယ် အံ့သြသွားသည် ။

နန့်ငယ်နဲ့ပတ်သတ်တဲ့ အမျိုးသားက ဘယ်လိုဖြစ်လို့ ဒီအချိန်ကြီး နွယ်တို့အခန်းရှေ့ကိုရောက်နေရတာလဲ ။

ပြီးမှ နွယ် စဥ်းစားကြည့်လိုက်တော့ ဟုတ်တာပဲ နန့်ငယ်နဲ့ပတ်သတ်တဲ့သူပါဆိုမှ နန့်ငယ်ဆီကိုလာတာဆန်းတာမှမဟုတ်ဘဲ ။

ဒါပေမယ့် ဒီလိုအချိန်ကြီးမှာ မူးနေပုံလဲမပေါက်ဘဲ ရောက်ချလာတဲ့အမျိုးသားက ဘာကိစ္စရှိနေလို့များလဲ ။

နွယ်တစ်ယောက်ထဲ စိတ်ထဲမှာယောက်ယက်ခက်နေရင်း နွယ့်ကို အကြည့်စူးစူးတွေနဲ့ စိုက်ကြည့်နေတဲ့ Samကြောင့် တံခါးကို အမြန်ဆွဲပိတ်ရန်ပြင်လိုက်သည်။

" Hey wait! I wanna explain you about something! ''
(ခဏလေးပါ ငါမင်းကိုရှင်းပြစရာလေးရှိလို့ပါ)

ပိတ်တော့မယ့်တံခါးကို သူ့လက်ဖြင့်ဟန့်တားလိုက်တဲ့ Samက ဘာကိုများရှင်းပြချင်နေတာလဲမသိဘူး ။

သိလဲမသိချင်သောကြောင့် နွယ်က ခပ်ပြတ်ပြတ်ပင် နန့်ငယ်မရှိကြောင်း ပြောလိုက်သည်။

VINE(Completed) Where stories live. Discover now