5.

612 60 1
                                    


ဒေါက်

"အာ့! "

နွယ် အိပ်ငိုက်နေရာမှ နှဖူးက နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး လန့်နိုးလာခဲ့သည် ။

သူစာသင်ရင်း အိပ်ငိုက်နေတာကို ဘယ်သူက နှဖူးလာတောက်ရတာလဲ ။

ဘေးမှာထိုင်နေတဲ့ သူငယ်ချင်းတွေကို စိတ်တိုတိုနဲ့ လှည့်ကြည့်မိတော့ အကုန်လုံးကပြုံးစိစိလုပ်နေကြသည် ။

နွယ်က 'ဘယ်သူလုပ်တာလဲ'ဆိုတဲ့ပုံစံနှင့် မျက်မှောင်ကြုတ်ပြလိုက်တော့ ဒေစီဝင်းက မျက်ခုံးလေးပင့်ကာ မျက်စပစ်ပြနေသည့်နေရာကို နွယ် လှည့်ကြည့်လိုက်ချိန်၌

"စာကိုသေချာလိုက်ကြည့် ကလေးမ ''

ရုတ်တရက် အနားနားကပ်ပြောကာ ထွက်သွားသော သရုပ်ပြဆရာလေး​ကြောင့် နွယ် ကြောင်,အ သွားရသည် ။

ပြုံးစိစိလုပ်နေသော ဒေစီဝင်းအား မျက်စောင်းထိုးပြီး နွယ် နှဖူးလေးကို ခပ်ဖွဖွလေးပွတ်ကာ ဆူပုပ်ပုပ်လေးနှင့် ပွစိပွစိ ရေရွတ်လိုက်သည် ။

"အမြင်ကပ်စရာကောင်းလိုက်တာ ''

**********************************

"စာပါတယ်ဗျို့! "

နေ့လည်ထမင်းစားချိန်၌ ပန်းရောင်စာအိတ်လေးအား လက်၌ မြှောက်ကိုင်ကာ အတန်းထဲသို့ဝင်လာသော ဒေစီဝင်းကြောင့် အတန်းထဲရှိ လူများက စူးစမ်းသလိုကြည့်လာကြသည် ။

"ကိုယ်တို့ရဲ့နွယ်အတွက် သရုပ်ပြဆရာလေးက မေတ္တာစာပါးခိုင်းလိုက်ပါတယ်ရှင် ''

စာအိတ်ပန်းရောင်လေးကြောင့် တစ်ယောက်ယောက်ကိုပေးတဲ့ မေတ္တာစာမှန်းတော့ နွယ်တို့သိကြသည် ။

"ဘယ်နွယ်လဲကွ နွယ်လေးခင်ကိုလား တစ်လုံးတည်းနွယ်ကိုလား ''

လှယဥ်က ထမင်းချိုင့်ဖွင့်နေရင်းလှမ်းမေးလိုက်တော့ နွယ်ပါစိတ်ဝင်စားသွားသည် ။

နွယ်တို့က သူငယ်ချင်းလေးယောက်ပေါင်းသည် ။
ဒေစီဝင်းက ခပ်သွက်သွက်ကောင်မလေးပုံစံ ၊ လှယဥ်ကတော့ ကိစ္စတစ်ခုကို အကျိုးသင့်အကြောင်းသင့်စဥ်းစားတတ်တဲ့ လူကြီးပုံစံဖမ်းထားတဲ့ကောင်မလေး ၊ နွယ်လေးခင်ကတော့ အေးအေးဆေးဆေးနေတတ်တဲ့အဖြူထည်လေး ၊ အင်း.....နွယ်လား နွယ်ကတော့ နားလည်ရခက်တဲ့ လူမျိုးပေါ့ ။

VINE(Completed) Where stories live. Discover now