27.

417 56 7
                                    


''mineဘယ်မှာလဲ....mineကိုအခုခေါ်ပေး!!...where is mine?!!!.....I'm asking you where is mine?!!!!..''

သော်လင်းဟန် ဆေးရုံထဲသို့ စ,စဝင်ချင်း ဧည့်ကြိုကောင်တာ၌ လူများရုတ်ရုတ်သဲသဲဖြစ်နေပြီး ဆူဆူညံညံအသံများကြားရသောကြောင့် ထိုနေရာသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည် ။

''နွယ်...ဟုတ်တယ် sorry...mineလို့ပြောရင်သိမှာမဟုတ်ဘူး... နွယ်ဘယ်မှာလဲ...where is nwe?!!!...''

ဧည့်ကြိုကောင်မလေးနှစ်ယောက်ကိုအသံမာမာနဲ့ပြောနေသော အမျိုးသမီးတစ်ယောက် ။

ထိုအမျိုးသမီးဆီမှ နွယ့်နာမည်ကိုကြားလိုက်သောကြောင့် သော်လင်းဟန် လူအုပ်ကြားထဲတိုးဝင်ကာ ထိုအမျိုးသမီးရှိရာသို့သွားလိုက်သည် ။

''ငါမေးနေတယ်လေ mineဘယ်မှာလဲလို့....ahh...shit
အကုန်ချီးပဲ....!!! ''

အလွန်အမင်းစိတ်တိုနေဟန်ပေါက်သောအမျိုးသမီးအား ဧည့်ကြိုကောင်မလေးနှစ်ယောက်ကပြူးတူးကြောင်တောင်လေးတွေကြည့်နေကြသည် ။

သူနာပြုတစ်ချို့နဲ့ ဆရာဝန်တစ်ချို့ကလဲ ရပ်ကြည့်နေကြပြီး သူတို့နဲ့မဆိုင်သလိုနေ,နေကြသောကြောင့် သော်လင်းဟန် စိတ်လေသွားသည် ။

သော်လင်းဟန်ကိုမြင်တော့မှ ထိုကောင်မလေးနှစ်ယောက်က ကူရာကယ်ရာ ရသွားဟန် အားကိုးတကြီးကြည့်လာကြသည် ။

သော်လင်းဟန်လဲ ဧည့်ကြိုကောင်မလေးများကိုခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး စိတ်တိုနေသောအမျိုးသမီးဘက်သို့လှည့်ကာ စကားစလိုက်သည် ။

''ဘာအလိုရှိလို့ပါလဲ Mrs.?
ဒါက စိတ်ရောဂါကု ဆေးရုံမို့လို့ ဆူဆူညံညံတွေအရမ်းလုပ်လို့မရပါဘူး....တကယ်လို့ Mrs.ဘက်က ပြဿနာရှိနေတယ်ဆိုရင် ကျွန်တော်တို့နဲ့အေးဆေး ဆွေးနွေးလို့ရပါတယ်...ကျွန်တော်က စိတ်ရောဂါအထူးကု ဒေါက်တာ သော်လင်းဟန်ပါ ''

သော်လင်းဟန်က ပြေရာပြေကြောင်းပြောတော့ ထိုအမျိုးသမီးက ထီမထင်တဲ့ပုံစံဖြင့် မျက်ခုံးတစ်ဖက်ကိုပင့်တက်ပြီး သော်လင်းဟန်ကို ခေါင်းအစခြေအဆုံး တစ်ချက်ဝှေ့ကြည့်သည် ။

''မင်းကမြန်မာလား ''

''ဟုတ်ကဲ့ Mrs.ရဲ့ ဘာသာစကားကို ဧည့်ကြိုကောင်မလေးတွေက နားမလည်လို့ ကျွန်တော်ကဝင်ရှင်းပေးတာပါ လိုအပ်တာရှိရင်ကျွန်တော့်ကိုပြောလို့ရပါတယ် ''

VINE(Completed) Where stories live. Discover now