36.

594 47 4
                                    


တီးတောင် တီးတောင်!

အခန်းတံခါးရှေ့က bellတီးသံကြားတာမို့ သော်လင်းဟန် အိပ်ချင်မူးတူးမျက်လုံးအစုံနှင့် မိမိရှေ့မှာရှိတဲ့ရင်ခွင်ကျယ်ကြီးဆီသို့ ခေါင်းကိုပို၍တိုးဝင်ကာ လက်တစ်ဖက်က Dineal၏ လက်မောင်းကိုပုတ်၍ နှိုးလိုက်သည်။

''Darling~~Darling~~''

''immm~~~''

နှစ်ယောက်လုံး ညက နည်းနည်းပင်ပန်းထားတာမို့ အိပ်ချင်နေသေးတဲ့Dinealကလဲ ဟန့်ကိုအသံလေးပဲပြုပြီး မျက်လုံးမဖွင့်လာခဲ့ပေ။

တီးတောင် တီးတောင်!

တစ်ခဏရပ်နားသွားပြီး ထပ်မံပေါ်လာသော bellတီးသံကြောင့် သော်လင်းဟန်ကပဲ အိပ်ချင်မူးတူးနှင့် ထကာ ကုတင်အောက်မှာကျနေတဲ့ Dinealရဲ့ သားရည်ကြိုးပျော့ဘောင်းဘီတစ်ထည်ကိုသာ ကောက်စွပ်၍ တံခါးဖွင့်ပေးရန် သွားလိုက်သည်။

ဂျလောက်!

''အို.....အချိန်ကောင်းလေးကို ကျွန်မကနှောင့်ယှက်မိသွားတာလား ''

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့အမျိုးသမီးကြောင့် သော်လင်းဟန် အိပ်ချင်စိတ်ပါပျောက်သွားရသည်။

''ဘယ်ကနေဘယ်လို....''

''ကျွန်မကို အထဲဝင်ခွင့်မပေးတော့ဘူးလား ''

သော်လင်းဟန်က ထိုအမျိုးသမီးကိုမြင်ပြီး ကြောင်အမ်းနေတာနဲ့ အထဲကိုခေါ်ဖို့တောင်မေ့နေတာမို့ အားနာသွားရသည်။

''ဝင်ခဲ့ပါ ''

ထိုအမျိုးသမီးကိုအထဲကိုခေါ်သွင်းလိုက်ပြီး ညတုန်းက Dineal သောင်းကျန်းထားလို့ အနီကွက်တွေပြည့်နှက်နေတဲ့ သော်လင်းဟန်ရဲ့ ဗလာဖြစ်နေတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အင်္ကျီနှင့်ဖုံးအုပ်ရန် ထိုအမျိုးသမီးအား အားနာပါးနာနှင့် ခွင့်တောင်းလိုက်သည်။

''ခဏထိုင်ဦးနော် ကျွန်တော် အင်္ကျီလေးသွားဝတ်ချင်လို့ ''

''ရတယ် ဒေါက်တာ အေးဆေးလုပ်ပါ ''

ခပ်ပြုံးပြုံးလေးပင်ပြောလာတဲ့အမျိုးသမီးအား သော်လင်းဟန်လဲတစ်ချက်ပြုံးပြပြီး အိပ်ခန်းထဲပြန်ဝင်ကာ တွေ့ရာအင်္ကျီတစ်ခုအား ကောက်စွပ်လိုက်သည်။

VINE(Completed) Where stories live. Discover now