26.

430 53 5
                                    


''ဒီမှာ နွယ်...လက်မှတ်ထိုးရုံပဲ.... ကျန်တာက ကျွန်တော့်အသိ ရှေ့နေငှားပေးထားတယ် သူအကုန်ကြည့်စီစဥ်ပေးပါလိမ့်မယ် ''

နွယ့် ရှေ့ကို အညိုရောင်စာအိတ်ကလေးတစ်ခု တိုးပေးလိုက်သည် ။

စာအိတ်ကလေးကိုကိုင်ပြီး အထဲမှာပါတဲ့ စာရွက်လေးကို ဖွင့်ကြည့်ပြီးနောက် နွယ့်ရဲ့ နှုတ်ခမ်းစွန်းလေးတွေက သိသိသာသာကော့တက်သွားခဲ့သည် ။

နွယ်က ပြုံးနေတယ်ထင်ရပေမယ့် တကယ်ရောပျော်နေရဲ့လားဆိုတာ နွယ့်ရဲ့မျက်ဝန်းညိုညိုတွေထဲ ရှာဖွေကြည့်ပေမယ့် ဗလာသက်သက်မျက်ဝန်းတွေကိုသာ ဟန် တွေ့လိုက်ရသည် ။

''လတ်မှတ်ထိုးဖို့ တစ်ခုခုပေးပါလား ဟန် ''

ဂျူတီကုတ်အိတ်ကပ်ထဲမှာချိတ်ထားတဲ့ ဘောပင်အပြာလေးအား နွယ်ရှိရာသို့ ကမ်းပေးလိုက်သည်။

လတ်မှတ်ထိုးရမယ့်တစ်ဖက်ခြမ်းမှာ နောင်တရမှုမရှိ တွေဝေခြင်းတစ်စုံတစ်ရာမရှိပါဘဲ ပေါ့ပေါ့ပါးပါး လက်မှတ်ရေးထိုးနေတဲ့နွယ့်ကိုကြည့်ပြီး ဟန် သိချင်နေသည့်အကြောင်းအရာအား ဖွင့်ဟမေးမြန်းလိုက်သည် ။

''နောက်ထပ် လက်မှတ်ထိုးမယ့်သူက ဘယ်သူလဲနွယ် ကျွန်တော်သိခွင့်ရှိမလား ''

သော်လင်းဟန်မေးတော့ နွယ်က ပြုံးတယ် ။

မျက်နှာထက်မှာ မြတ်နိုးမှုတွေပြည့်နှက်နေတဲ့ နွယ်က ခပ်ပြုံးပြုံးနဲ့စကားဆိုလာတယ် ။

''ချစ်ရတဲ့အမျိုးသမီးလေးပေါ့ ဟန်ရယ် ''

နွယ် ချစ်တဲ့အမျိုးသမီးဟာ ဘယ်သူများလဲ ။

နွယ့်ရဲ့အတိတ်တွေမှာတုန်းက နွယ်ဟာ ဘယ်သူ့ကိုမှချစ်တယ်လို့ပြောခဲ့တာမဟုတ်ဘူးလေ ။

Daraပြောပြသွားထဲက နွယ်သိပ်ချစ်တဲ့ အမျိုးသမီးကို သော်လင်းဟန်က သိချင်နေခဲ့တာ ။

အဲ့ဒါကဘယ်သူပဲဖြစ်ဖြစ် အဲ့ဒီအမျိုးသမီးဟာ သိပ်ကံကောင်းတာပဲ ။

နွယ်ချစ်တာကိုခံရတဲ့အမျိုးသမီးဟာ ဘဝအဆက်ဆက်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ခဲ့မှရမယ်လို့ သော်လင်းဟန်က နွယ့်ကို ဒီလိုအမွှန်းတင်ပစ်တယ် ။

VINE(Completed) Where stories live. Discover now