29.

456 37 4
                                    


ဒီနေ့အတွက် နွယ့်ရဲ့တစ်နေ့တာ စာသင်ချိန်တွေပြီးသွားပြီမို့ ကျောင်းသားများကိုနှုတ်ဆက်၍ တိုက်ခန်းသို့ပြန်ရန်ပြင်လိုက်သည် ။

''Ivy! ''

ကျောင်းခန်းထဲကထွက်ထွက်ချင်း အနောက်မှနေ၍ နွယ့်နာမည်ကိုခေါ်လိုက်သောကြောင့် နွယ်လှည့်ကြည့်လိုက်တော့ Andyပင် ။

''Hey Andy! ''

နွယ်က ပြန်၍ လက်ပြနှုတ်ဆက်လိုက်တော့ နွယ်ရှိရာသို့ ခပ်မှန်မှန်လမ်းလျှောက်လာတဲ့ Andyက နွယ်တို့ဆေးပညာဌာနရဲ့ ခန္ဓာဗေဒဘာသာကိုသင်ကြားတဲ့ ဆရာမတစ်ဦးပင် ။

နွယ် ဒီကိုစရောက်ရောက်ချင်း အခက်အခဲတွေရှိပေမယ့် အဆင်ပြေပြေနဲ့ကျော်ဖြတ်နိုင်တာက Andyရဲ့ကျေးဇူးတွေကြောင့်လဲပါတယ် ။

ဆံပင်ရှည်တွေကို အပြောင်သိမ်း၍ ခပ်မြင့်မြင့်ထုံးဖွဲ့ထားပြီး မိုးပြာရောင်တီရှပ်လက်ရှည်ကို စကပ်အနက်ရောင်အကျပ်ထဲထည့်ဝတ်ထားတဲ့ Andyရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းက ရင်သပ်ရှုမောဖွယ်ကောင်းပုံများ Andyလမ်းလျှောက်လာတာကိုငေးမောနေတဲ့ ကျောင်းသားတွေက သက်သေပင် ။

ဂစ်တာရှိတ်ခန္ဓာကိုယ်ဆိုတာ Andyရဲ့အမိုက်စား ခန္ဓာကိုယ်မျိုးကိုပြောတာပဲဖြစ်ရမယ် ။

နွယ့်အနားကိုရောက်လာတဲ့ Andyက နွယ့်ကိုပြုံးပြပြီး စကားစသည် ။

''Is your class over?''
(မင်းအတန်းပြီးပြီလား)

''already! ''
(အခုလေးတင်ပဲပြီးပြီ)

''And you? still left? ''
(မင်းရော? ကျန်သေးတာလား? )

နွယ် ကဆက်မေးတော့ Andyက မျက်နှာလေးကိုမဲ့ပြသည် ။

''Of course! still a class left ''
(ဒါပေါ့ သင်ဖို့တစ်ချိန်ကျန်သေးတယ်)

စာသင်ဖို့ပျင်းနေပုံရတဲ့Andyကိုကြည့်ပြီး နွယ် သဘောတကျရယ်လိုက်သည် ။

''Haha fighting Andy! ''

''Ok have a safe drive!
see you tomorrow Ivy! Bye! ''
(Ok ကားကိုဂရုစိုက်မောင်း
မနက်ဖြန်တွေ့မယ် Ivy bye...)

နွယ့်ကိုတာ့တာပြပြီး ထွက်သွားသော Andyကျောပြင်လေး မြင်ကွင်းကပျောက်သွားတဲ့အထိကြည့်ပြီးမှ နွယ်လဲ ပြန်ရန်ပြင်လိုက်သည် ။

VINE(Completed) Where stories live. Discover now