12.

436 49 1
                                    


တီ တီ တီ တီ

Alarmသံမြည်လာသောကြောင့် သော်လင်းဟန် အိပ်မှုန်စုန်မွှားနှင့် အိပ်နေရာမှ ထထိုင်လိုက်သည် ။

Alarmကိုပိတ်၍ တစ်ဆက်တည်းနာရီကိုကြည့်လိုက်တော့ မနက် ၇ နာရီရှိနေပြီဖြစ်သည် ။

ပြတင်းပေါက်မှတစ်ဆင့်အပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ အနည်းငယ်မြူဆိုင်းနေသည် ။

တကယ်ဆို ဒီလို ဆောင်းတွင်းမနက်ခင်းတွေမှာ အလုပ်မသွားဘဲ အိပ်ရာထဲမှာပဲ အိပ်နေချင်တာ ။

အိပ်ချင်မူးတူးနှင့် အကျင့်ဖြစ်နေသည့်လက်က မိမိဘေးဘက်ရှိ နေရာကို အလိုအလျောက်စမ်းကြည့်မိတော့ အေးစက်နေသော အိပ်ရာ၏ အထိအတွေ့ကြောင့် လက်ကို ပြန်ရုတ်လိုက်သည် ။

အင်း.....Dinealတစ်ယောက် တစ်ညလုံးမအိပ်ပြန်ဘူးထင်ပါတယ် ။

ခန္ဓာကိုယ်မှစောင်ကို ခွာလိုက်တော့ အေးစက်နေသော လေတို့က တိုးဝင်လာသောကြောင့် သော်လင်းဟန် တစ်ကိုယ်လုံးချမ်းစိမ့်သွားသည် ။

ဒါတောင် အခန်းထဲမှာ boilerဖွင့်ထားပေလို့ပေါ့ ။
အပြင်မှာသာဆို ဘယ်လောက်တောင်အေးလိုက်မလဲမသိဘူး ။

အေးစိမ့်နေသော ရာသီဥတုကို အံတု၍ အိပ်ရာမြန်မြန်သိမ်းကာ အလုပ်သွားရန်ပြင်ဆင်ရတော့သည် ။

ဒီအချိန်မှမထရင် သူအလုပ်နောက်ကျလို့ လစာဖြတ်ခံနေရပါဦးမယ်လေ ။

********************************

"Morning Dineal! "

"Morning Bae! "

ပန်းချီခန်းထဲမှာ ငူငူငိုင်ငိုင်ထိုင်နေတဲ့ Dinealကြောင့် အသင့်ယူလာသော စောင်အပါးတစ်ထည်ကို Dineal၏ ကိုယ်ပေါ်၌ ခြုံပေးလိုက်သည် ။

Dinealကလေ ဒီလောက်အေးနေတာကို boiler မဖွင့်ထားတဲ့ ဒီအေးစက်နေတဲ့ အခန်းထဲမှာ တစ်ညလုံးဘယ်လိုနေနေလဲမသိတော့ဘူး ။

"Are you gonna go to work? "
(အလုပ်သွားတော့မှာလား)

သော်လင်းဟန် ပါးကို ခပ်ဖွဖွလေးပွတ်ရင်း Dinealကဆိုလာတော့ ဟန် ခေါင်းညိတ်ပြလိုက်သည် ။

"Didn't you go back to sleep all night again? "
(မင်း တစ်ညလုံးမအိပ်ပြန်ဘူးမလား)

"Because I've something to think about .''
(တွေးစရာလေးနည်းနည်းရှိနေလို့ပါ)

VINE(Completed) Where stories live. Discover now