11.

435 46 3
                                    


ဒီရက်ပိုင်းမှာရှင်သန်ရတာ သိပ်ကိုပင်ပန်းတာပဲ ။

အရင်တုန်းက ကိုလင်းလက်ကိုဆွဲကိုင်ပြီးကျောင်းဝန်းထဲကို ခြေချရတဲ့အချိန်တွေက နွယ့်အတွက်အပျော်ဆုံးအချိန်တွေဖြစ်ခဲ့ပေမယ့် အခုတော့ တစ်ကျောင်းလုံးရဲ့ ကဲ့ရဲ့ရှုံ့ချတဲ့စကားတွေကြားမှာ နွယ်က မနာကျင်သယောင် ဟန်ဆောင်ခဲ့ရသည် ။

လူတွေဟာလေ တစ်စုံတစ်ယောက်ကိုအပြစ်တင်ရှုံ့ချဖို့ဆို သူ့ထက်ငါဦးအောင် အပြိုင်အဆိုင်ဖြစ်နေသလားတောင်ထင်ရသည် ။

နွယ့်ကို သူတို့တွေ မကြား,ကြားအောင် ပြောကြတဲ့စကားတစ်ခွန်းရှိတယ် 'သူ့နေရာမှာငါသာဆိုရင် ရှက်လွန်းလို့သေနိုင်တယ်'တဲ့ ။

ဘဝမှာ တစ်ခါလောက်တောင် အရှက်မကွဲဖူးတဲ့သူတွေက ဒီလိုစကားပြောတော့ အရှက်နဲ့အသက်ကိုလဲပစ်ခဲ့တဲ့နွယ်က ဟားတိုက်ရယ်ချင်မိသည် ။

ရှက်လွန်းလို့သာ သေရရင် နွယ်တော့ အခုလိုသူတို့နဲ့အတူ ကျောင်းအတူတူတောင်တက်ရမှာမဟုတ်ဘူးလို့ ပြန်ပြောပစ်လိုက်ချင်စိတ်ကို မျိုသိပ်ထားလိုက်သည် ။

ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်နဲ့လို့ နွယ့်ကိုအကြံပေးကြမယ်ဆိုရင် နွယ်ကတော့ ဟားတိုက်ရယ်ပစ်ချင်သည် ။

လူတွေဟာ ပတ်ဝန်းကျင်နဲ့အတူ ယှဥ်တွဲနေထိုင်ကြရတာလေ ။

ပတ်ဝန်းကျင်ကဖယ်ကျဥ်ခြင်းခံရတဲ့ လူတစ်ယောက်ဟာ ဘယ်လောက်ထိ စိတ်ဓာတ်ခိုင်မာတယ်ပြောပြော အနည်းဆုံးအနေနဲ့ စိတ်အားငယ်ရပြီး အများဆုံးအနေနဲ့ သတ်သေချင်စိတ်ပေါက်သည်အထိဖြစ်ရတာပဲ ။

ပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်တတ်ချင်ယောင်ဆောင်ရတဲ့အခါ နွယ်ဟာ နှစ်ဆ ပိုပင်ပန်းရပါသည် ။

အသဲကွဲဒဏ်ကိုတောင် သေသေချာချာမခံစားနိုင်တဲ့နွယ်က စာမေးပွဲအောင်ရေးအတွက် သတိကိုသေချာကပ်ခဲ့ရသည် ။

နွယ့်စိတ်အတိုင်းသာဆို နည်းနည်းလေးထိခိုက်မိတာနဲ့ လွင့်ချင်ရာလွင့်ထွက်ပစ်လိုက်မှာ ။

ဦးမျိုးမျက်နှာနဲ့ ဦးမျိုးရဲ့စကားသံတွေကိုပြန်ကြားယောင်နေလို့သာ နွယ် စိတ်ကို မနည်းတင်းထားနိုင်ခဲ့ခြင်းဖြစ်သည် ။

VINE(Completed) Where stories live. Discover now