35.1

407 44 2
                                    

တီ တီ တီ တီ တီ တီ......ဂျလောက်!

တံခါးက password ဖွင့်သံကြားလိုက်ရ၍ အနည်းငယ်ငိုက်မြည်းနေသော နွယ့်ရဲ့မျက်လုံးလေးများမှာ ဆက်ခနဲ ပွင့်သွားရသည်။

လက်ထဲမှာ ကိုင်ထားတဲ့ph screenကိုကြည့်လိုက်တော့ မနက်၂နာရီတောင်ရှိနေပြီဖြစ်သည်။

ပုံမှန်ဆို ည ၁၁နာရီ နောက်အကျဆုံးပြန်လာတတ်တဲ့ နန့်ငယ်က အခုတော်တော်နဲ့ပြန်မလာတာမို့ phလဲမဆက်ရဲဘဲ နန့်ငယ်ကိုစိတ်ပူကာ နွယ်မအိပ်သေးဘဲ ထိုင်စောင့်နေခြင်းပင်။

အခန်းထဲကို တစ်လှမ်းခြင်း လမ်းလျှောက်ပြီးဝင်လာတဲ့နန့်ငယ်က အရင်နေ့တွေကလို အနည်းငယ်တက်ကြွမနေရင်တောင် ပုံမှန်ခြေလှမ်းထက်ပိုပြီးနှေးနေတဲ့ခြေလှမ်းများဖြင့် လှမ်းဝင်လာသည်။

တစ်ခန်းလုံးမှာ မီးပိတ်ထားပြီး ညအိပ်မီးအလင်းရောင်လေးသာဖွင့်ထားပေမယ့် တစ်ယောက်မျက်နှာတစ်ယောက် ရှင်းရှင်းလင်းလင်းမြင်ဖို့ရန်တော့ လုံလောက်ပါသည်။

ကုတင်ပေါ်မှာငုတ်တုတ်လေးထိုင်နေတဲ့ နွယ့်ကိုမြင်သွားတော့ နန့်ငယ်က အနည်းငယ်အံ့သြသွားဟန်ရှိပေမယ့် ဘာမှတော့ပြောမလာခဲ့ဘဲ ရေချိုးမလို့ထင်ပါရဲ့ အင်္ကျီတွေကိုဆွဲချွတ်လာသည်။

ညအိပ်မီးရဲ့ အလင်းရောင်မှိန်မှိန်ကြောင့် အဝေးကအရာတွေကိုကောင်းကောင်းမမြင်ရပေမယ့် နွယ့်အနီးကပ်နားမှာ အပေါ်ဝတ်အင်္ကျီကိုချွတ်ပစ်လိုက်လို့ ပေါ်လာတဲ့ နန့်ငယ်ရဲ့ရင်ဘက်နဲ့လည်ပင်းတစ်ဝိုက်က နီနီရဲရဲအမှတ်အသားများကြောင့် နွယ့်ရဲ့မျက်နှာက ထိန်းမရအောင် ပျက်ယွင်းသွားရသည်။

အရွယ်ရောက်ပြီးသားအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းနဲ့ရင်ဘက်နားတစ်ဝိုက်က အရောင်ထင်းနေတဲ့အမှတ်သားတွေက ဘာတွေလဲဆိုတာ မသိရလောက်အောင်တောင် နွယ် မ,တုံးအ,သေးပေ။

အခုမှသေချာသတိထားမိတယ် နွမ်းလျလျဖြစ်နေတဲ့ နန့်ငယ်ရဲ့ပုံစံရယ် ဖရိုဖရဲနဲ့ တွန့်ကျေနေတဲ့နန့်ငယ်အဝတ်အစားတွေရယ် တစ်စုံတစ်ယောက်ကြောင့်ရလာတဲ့ အမှတ်အသားတွေရယ် ။

VINE(Completed) Where stories live. Discover now