4.

678 66 1
                                    

"ဟေ့ကောင် ငသော် ''

"အာ ကိုအောင်မော် ဘယ်တုန်းကပြန်ရောက်တာလဲ ကျွန်တော်က နောက်အပတ်မှ ပြန်လာမယ်ထင်နေတာ ''

"အေးကွာ အချိန်ကရွှေ အချိန်က ငွေဖြစ်နေတော့ ဟိုမှာ အချိန်ကြာကြာမနားရဲဘူးလေကွာ သိတဲ့အတိုင်းပဲ ''

"ခင်ဗျားဗျာ ပိုက်ဆံတွေဒီလောက်ရှာနေတာ သေရင်ကိုယ့်နောက်လဲမပါဘဲနဲ့ကို ''

"ဟေ့ကောင် ဖွဟဲ့ လွဲပါစေ ချောပါစေကွာ ငါက သေစရာလား မိန်းမယူဦးမှာကွ ''

ထို့နောက် နှစ်ယောက်သား တဟားဟားနှင့်အော်ရယ်လိုက်ကြသည် ။

ဒီလိုရေခြားမြေခြားမှာ ကိုယ့်လူမျိုး လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရှိတာ အားတက်စရာပင်ဖြစ်သည် ။

"ကဲ ရော့ မင်းမှာတာ...ဒါနဲ့ ဖက်ကြမ်းတွေမှာတာဘာလုပ်ဖို့လဲ မင်းကဆေးလိပ်လဲမသောက်တတ်ဘဲနဲ့ မသကာ ဆေးလိပ်သောက်ချင်ရင်တောင် ဒီက နိုင်ငံခြားဖြစ် စီးကရက်တွေဝယ်သောက်ပါလားကွ ''

ကိုအောင်မော်အမေးကို ပြန်မဖြေဘဲ ဟန် ပြုံးရုံသာပြုံးနေလိုက်သည် ။

"ငါ့မှာကွာ လေဆိပ်မှာ အိတ်တွေစစ်ရင် မိမှာစိုးလို့ ဟိုနားထိုးထည့်ရ ဒီနားကပ်ထည့်ရနဲ့ ဒီရောက်မှ သက်ပြင်းကောင်းကောင်းချနိုင်တော့တယ် ငါ့ကောင်ရေ ''

"ဟားဟား ကျေးဇူးဗျာ ကျွန်တော် နောက်မှ ဒကာခံမယ် ဟုတ်ပြီလား ''

"တော်ပါကွာ ဒါလေးယူလာရတာ အပန်းမကြီးပေမယ့် စိတ်တော့ အိုက်တယ် ငါ့ကောင်....ကဲ ကဲ ငါ သွားနားတော့မယ် ရောက်ရောက်ချင်း စိတ်အေးရအောင် မင်းဆီတန်းလာပြီးပေးတာပဲ ''

"ဟုတ်ကဲ့ ကိုအောင်မော် နောက်မှတွေ့မယ် see you! "

နောက်ပြန်တာ့တာပြကာ ထွက်သွားသော ကိုအောင်မော် ကျောပြင်ကို တစ်လှည့် လက်ထဲက အိတ်အမဲနှင့်ထည့်ထားသော ဖက်ကြမ်း ဆေးပေါ့လိပ်အနည်းငယ်ကို တစ်လှည့်ကြည့်ကာ ဟန် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည် ။

ခွင့်ရက်ရ၍ မိဘတွေဆီ အလည်ပြန်သွားတဲ့ ကိုအောင်မော်ကို နွယ်လိုချင်နေတဲ့ မြန်မာဖြစ် ဖက်ကြမ်းဆေးပေါ့လိပ် ဝယ်လာခဲ့ရန် ဟန်က မှာလိုက်ခြင်းဖြစ်သည် ။

VINE(Completed) Where stories live. Discover now