20.

426 40 0
                                    


ကော်ဖီပူပူတစ်ခွက်ကိုကိုင်၍ ပြတင်းပေါက်နား၌ မတ်တပ်ရပ်ကာ တဖွဲဖွဲကျနေသော နှင်းများကို သော်လင်းဟန် ငေးမောနေမိသည် ။

ဒီနေ့က ပထမဆုံးနှင်းကျတဲ့နေ့လေ ။

ပထမဆုံးနှင်းကျတဲ့နေ့မှာ ချစ်ရသူနဲ့အတူတူရှိချင်ပေမယ့် မနက်နိုးလာထဲက Dineal၏ အငွေ့အသက်များကင်းမဲ့နေသော အေးစက်စက်မွေ့ယာ၏ အထိအတွေ့ကိုသာ ခံစားခဲ့ရသည် ။

ညတုန်းကလဲ Dinealကိုစောင့်နေရင်းနဲ့အိပ်ပျော်သွားခဲ့တာ မနက်နိုးလာတော့လဲ ချစ်ရသူကို မတွေ့ရ၍ ပြန်မလာကြောင်း phလေးပင်တစ်ချက်မဆက်သော ချစ်သူကောင်လေးကြောင့် သော်လင်းဟန် စိတ်သိပ်မကြည်ပေ ။

သူ့ကောင်လေးက အခုမှ အလုပ်သင်ဆရာဝန်ပေါက်စလေးပဲရှိသေးတာဆိုတော့ အလုပ်များနေမှာပေါ့လေ ။

သော်လင်းဟန်က နားလည်မှုမပေးနိုင်တဲ့ချစ်သူမျိုးမဖြစ်ချင်ပေ ။

ဒါပေမယ့်လဲ အခုလို ပထမဆုံးနှင်းကျတဲ့နေ့မှာတော့ ချစ်ရသူနဲ့အတူတူရှိခွင့်မရတာကြောင့် သော်လင်းဟန် စိတ်အလိုမကျဖြစ်မိတာတော့ အမှန်ပဲ ။

တွေးရင်းငေးရင်းနှင့် ပြတင်းပေါက်မှတဆင့် လမ်းမထက်၌ ဥဒဟို သွားလာနေကြသော ချစ်သူစုံတွဲများဆီသို့ အကြည့်ရောက်သွားသည် ။

ပထမဆုံးနှင်းကျတဲ့ရက်မို့လို့ထင်ပါတယ်.....ဒီနေ့မှ လက်ချင်းယှက်ပြီး နှင်းတောထဲမှာ ပြုံးရယ်ပျော်ပါးနေကြတဲ့ စုံတွဲတွေကများနေသလားလို့ ။

အင်း.....ဟန်နဲ့ Dinealလည်း အရင်က ဒီလိုပထမဆုံးနှင်းကျတဲ့ရက်တွေမှာဆိုရင် လက်ချင်းတွဲပြီး အမြဲလမ်းလျှောက်နေကျပါပဲ ။

သော်လင်းဟန် မှတ်မိပါသေးတယ် ။
Dineal ဟန့်ကို ပထမဆုံး proposeလုပ်တာလဲ ဒီလိုပထမဆုံးနှင်းကျတဲ့ရက်မှာပဲလေ ။

ကယ်လီဖိုးနီးယားမှာ ဘွဲ့လွန်သင်တန်းလာတက်တဲ့ မြန်မာကောင်လေး သော်လင်းဟန်က လူမျိုးခြားတွေကြားမှာဆို ရည်မွန်ပြီး ဖော်ရွေတဲ့ကောင်လေးလို့ လူသိများကြတယ် ။

သော်လင်းဟန်ထက် ၃နှစ်ငယ်တဲ့ Dineal က နောက်ဆုံးနှစ်တက်နေတဲ့ အမေရိကန်နိုင်ငံသား ခပ်ဆိုးဆိုးဆေးကျောင်းသားလေးတစ်ယောက်ပေါ့ ။

VINE(Completed) Where stories live. Discover now