18.

394 46 2
                                    

Edit-စာလေးနည်းနည်းပြန်ပြင်ထားလို့ပါ ❤

***********************************

"အဟင်း တို့ကိုကြောက်နေပြီလား ဟန် ''

ရယ်သွေးသမ်းစွာပြောလာတဲ့ နွယ့်ကို သော်လင်းဟန် ငေးငေးငိုင်ငိုင်နှင့်ပင် ထိုင်ကြည့်နေမိသည် ။

ဒီအမျိုးသမီးလေးဟာ ဘယ်လောက်တောင်များ ပင်ပန်းဆင်းရဲခဲ့မလဲလေ ။

ပျော်ရွှင်မှုအလုံးစုံက ဒီအမျိုးသမီးလေးဆီကိုပဲ စီးဝင်ရမယ့်အစား ဘာလို့များ ဒုက္ခတွေကပဲ စုဝေးနေရတာလဲ ။

နွယ့်ကို ခပ်တင်းတင်းဆွဲဖက်ထားပြီး နှစ်သိမ့်ပေးလိုက်ချင်တဲ့ စိတ်တွေက အလုံးအရင်းဝင်ရောက်လာပေမယ့် အပြင်မှာတော့ ဒီတိုင်းသာ နွယ့်ကို ထိုင်၍ ငေးကြည့်နေမိသည် ။

ဆရာဝန်နဲ့လူနာဟာ ဒီလိုမျိုး အပြင်ပိုင်းထိတွေ့ဆက်ဆံတာမျိုးကိုရှောင်ရှားသင့်တယ်လေ ။

တကယ်တော့ ဟန်သာ ဆရာဝန်တစ်ယောက်မဟုတ်ရင်တောင် နွယ့်ကို မထိတွေ့ရဲပါဘူး ။

နွယ်ဟာ ထိတွေ့ကိုင်တွယ်လိုက်တာနဲ့ ပဲ့ကြွေကျသွားမယ့် ဖယောင်းရုပ်လေးတစ်ရုပ်လိုပဲမို့ သော်လင်းဟန် မထိတွေ့ဝံပေ ။

"အို...ဟန်က တို့ကို တကယ်ကြီးကြောက်သွားတာပဲ ''

ပါးစပ်လေးကို လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေနဲ့အုပ်ရင်း ဟန်ဆောင်အံ့သြပြနေတဲ့နွယ့်ကို ကြည့်ပြီး သော်လင်းဟန် ခပ်ရေးရေးပင် မပြုံးပြနိုင်တော့ ။

"ဟန်...တို့ဆီကို ဘယ်တော့မှထပ်မလာခဲ့နဲ့ ''

ခပ်ထေ့ထေ့အပြုံးနဲ့ပြောလာတဲ့ နွယ်က မီးခိုးရောင်ခြုံပဝါလေးကို ခပ်တင်းတင်းဆွဲစိလိုက်ကာ ဟန့်ကို အလိုမကျမှုတို့က မျက်ခုံးတန်းများတွန့်ချိုးလိုက်ရင်း မျက်နှာထက်၌အထင်းသားပေါ်လာသောကြောင့် သော်လင်းဟန် ပြာပြာသလဲရှင်းပြရတော့သည် ။

စိတ်ပင်ပန်းနေတဲ့နွယ့်အတွက် ဟန်က ပျော်ရွှင်မှုသေးသေးလေးပဲဖြစ်ချင်တာပါ ။

နွယ် စိတ်အနှောင့်အယှက်ဖြစ်စေမယ့် စကားမျိုး အပြုအမူမျိုးလုပ်ပြီး နွယ်နဲ့ဝေးရာကို မပြေးချင်ဘူး ။

VINE(Completed) Where stories live. Discover now