6.

554 53 0
                                    

"Why don't you let to give the pills to Mrs. Ivy? "
(မင်းဘာလို့ Mrs.Ivyကို ဆေးတွေမပေးခိုင်းရတာလဲ)

ဆေးရုံအုပ်က ပုံမှန်လေသံနဲ့ပြောနေပေမယ့် စိတ်တိုနေမှန်းတော့ သူ့ရဲ့ စကားအသွားအလာတွေအရ ဟန် ရိပ်မိပါသည် ။

"She's very normal like us. I don't know why did they send Mrs. Ivy to us? "
(သူ(မ)က ငါတို့လို ပုံမှန်လူပါပဲ
ဘာလို့ သူတို့က သူ(မ)ကို ငါတို့ဆီပို့လိုက်ရလဲ ငါစဥ်းစားမရဘူး )

"You should know your work.
You're just a psychiatrist, not a psychologist.  ''
(မင်းအလုပ်ကိုမင်းသိသင့်တယ်
မင်းက စိတ်ရောဂါကုဆရာဝန်တစ်ယောက်,စိတ်ပညာရှင်မဟုတ်ဘူး)

"But she really doesn't need any pills. Trust me just once, I can take care of her ''
(ဒါပေမယ့် သူ(မ)က ဆေးတွေတကယ်မလိုအပ်နေဘူး
ငါ့ကိုတစ်ခါလောက်ယုံကြည်ပေးပါ ငါသူ(မ)ကို ဂရုစိုက်နိုင်ပါတယ်)

"You will regret what you've done. Please get out! "
(မင်းလုပ်ခဲ့တာအတွက် နောင်တရလိမ့်မယ်
ထွက်သွားတော့)

ဟန် စိတ်ညစ်ညူးစွာဖြင့် ဆံပင်များကိုတစ်ချက်ဆွဲဖွကာ အပြင်သို့ထွက်လာလိုက်သည် ။

နွယ်က သာမာန်လူတစ်ယောက်ပါဆိုတာကို တခြားလူတွေကို ယုံအောင် သူဘယ်လိုရှင်းပြရမလဲ မတွေးတတ်တော့ ။

တကယ်တော့ ဟန့်လို စိတ်ရောဂါကုဆရာဝန်တစ်ယောက်အနေနဲ့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့ လူနာတစ်ယောက်ကို လူကောင်းပါလို့ပြောနေတာက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ်ဆိုပေမယ့် သူ့ရဲ့စိတ်ထဲမှာကိုက နွယ့်ကို သာမာန်လူတစ်ယောက်လို မြင်နေတာတော့ မတတ်နိုင်ဘူး ။

လူတိုင်းက တစ်ယောက်တစ်မျိုးဆီ ရူးနေကြတာချည်းပဲလေ ။
လက်ကောက်ဝတ်က အမာရွတ်အထပ်ထပ်လေးတွေမြင်တာနဲ့ စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်တယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုပဲ ။

စိတ်ညစ်ညူးစွာဖြင့် ခေါင်းကိုမော့ကာ လေကိုတစ်ချက်ရှိုက်သွင်းလိုက်သည် ။

ဂျူတီကုတ်အိတ်ကပ်ထဲသို့ လက်ကို အမှတ်မထင်ထည့်လိုက်မိတော့ မီးခြစ်တစ်ခုကို ဆုပ်ကိုင်မိသောကြောင့် ဟန် ပြုံးလိုက်သည် ။

နွယ်က ရောဂါသက်သာစေမယ့်ဆေးတွေထက် ရောဂါဖြစ်စေတဲ့ ခပ်ပြင်းပြင်း ဆေးပေါ့လိပ်တစ်လိပ်နဲ့ ပိုလိုက်ဖက်တာ သူတို့မှမသိကြဘဲ ။

VINE(Completed) Where stories live. Discover now