7.

506 49 1
                                    


"ကိုယ့်ရဲ့ဆရာမ ကိုယ့်ကိုရစ်ချက်ကွာ ထိုင်ငိုချင်စိတ်ပါပေါက်တယ် ''

"တို့ဆရာမကတော့ သဘောကောင်းတယ်ကွ တို့လူနာကလဲ တို့ကို ကောင်းကောင်းမွန်မွန်အစမ်းခံတော့ အဆင်ကိုပြေနေရော ''

ဒေစီဝင်းနှင့် လှယဥ်တို့က အခုလက်တလောလေးတင်ဖြေလာတဲ့ bedside exam(လူနာကိုစမ်းသပ်၍ စာမေးပွဲဖြေဆိုရခြင်း) အကြောင်းကို စမြုပ်ပြန်နေကြသည် ။

နွယ်ကတော့ ခပ်ရေးရေးသာပြုံး၍ canteenကမှာထားတဲ့ ထမင်းပေါင်းလာအပို့ကို စိတ်ရှည်လက်ရှည် နှင့်စောင့်နေလိုက်သည် ။

နွယ်လေးခင်ကတော့ သူ(မ)၏ ပုံစံလေးအတိုင်းပင် ဘာမှဝင်မပြောဘဲ ထမင်းချိုင့်ကိုသာ အာရုံစိုက်၍ ဖွင့်နေလေသည် ။

"နွယ် ဖြေနိုင်ရဲ့လား ''

ရုတ်တရက် ဆရာလင်းမြတ်မောင်ကရောက်လာပြီး နွယ့်ကိုစကားစတော့ နွယ်အပါအဝင် အကုန်လုံးက ကြောင်အမ်းကုန်ကြသည် ။

"ဟုတ်ကဲ့ ဖြေနိုင်ပါတယ် ''

နွယ် ခပ်မြန်မြန်ဖြေလိုက်သည် ။
နွယ့်ကိုကြည့်နေကြတဲ့ သူငယ်ချင်းတွေရဲ့အကြည့်တွေကိုတော့ ရင်မဆိုင်နိုင်သေးစွာ လျစ်လျှူရှုထားလိုက်သည် ။

တကယ်တော့ အဲ့ဒီ မေတ္တာစာကိစ္စကို နွယ်က သူငယ်ချင်းတွေကို ပြောပြမယ်ဆိုပြီး မေ့နေခဲ့တာ ။

ဒီလိုဖြစ်လာမယ်မှန်း ဘယ်သိပါ့မလဲ ။
နွယ့်ကို သူငယ်ချင်းတွေက တစ်မျိုးများထင်သွားကြမလားလေ ။

"ရော့ နွယ် စာမေးပွဲဖြေနေရတာ အားရှိအောင်လို့ ကိုယ် အိမ်က နွားနို့လေး ကြိုထည့်လာတာ ကုန်အောင်သောက်ရမယ်နော် ကလေးမ ''

အပူခံရေနွေးဘူးလေးကို နွယ့်ကိုကမ်းပေးလာတဲ့ ဆရာလင်းမြတ်မောင်ကြောင့် နွယ် အနည်းငယ်တော့ စိတ်လှုပ်ရှားသွားရသည် ။

နွယ်က ယောင်္ကျားတွေနဲ့ပတ်သတ်ခဲ့ဖူးတယ်ဆိုပေမယ့် ဒီလို ပိုးပန်းခံရဖူးတာမျိုး တစ်ခါမှ မှမရှိခဲ့ဖူးပဲ ။

"ကဲ ဒါဆို ကိုယ်သွားပြီနော် နောက်နေ့တွေလဲ စာမေးပွဲသေချာဖြေခဲ့ ဟုတ်ပြီလား ''

VINE(Completed) Where stories live. Discover now