15.

391 44 4
                                    


"နွယ် ဒါ ကိုယ့်အိမ်ပဲ အပေါ်ထပ်မှာမင်းအခန်းရှိတယ် ပစ္စည်းတွေသွားထားပြီးရင် အောက်ကိုပြန်ဆင်းလာခဲ့ စကားနည်းနည်းပြောချင်လို့ ''

အမိန့်စကားမဆိုသာသော ခပ်ပြတ်ပြတ်စကားတွေပြောကာ အိမ်အောက်ထပ်က အခန်းတစ်ခုထဲသို့ဝင်သွားသောလူကြီးအား နွယ် ကြောင်တောင်တောင်နှင့်လိုက်ကြည့်နေမိသည် ။

နွယ် အခုရောက်နေတာက နှစ်ထပ်ပျဥ်ထောင်အိမ်ကြီးတစ်အိမ်တွင်ဖြစ်သည် ။

နွယ်တို့ရဲ့ အိမ်အစုတ်လေးထက် သုံးဆလောက်ပိုကြီးသော ဒီအိမ်ကြီးကို ခြေချလိုက်ထဲက နွယ့်ကိုယ်လုံးလေးကပိုသေးသွားသယောင်ပင် ။

ဘာမှန်းညာမှန်းမသိလိုက်ဘဲ ယောင်္ကျားတစ်ယောက်နဲ့လက်ထပ်လိုက်ရပြီး အဝတ်အစားသုံးလေးစုံကို ပုဆိုးနဲ့ထုပ်ကာပိုက်ပြီး လိုက်ခဲ့ရသော နွယ့်ကို အခု နွယ့်ရဲ့ယောင်္ကျားတစ်ဖြစ်လဲ ဒီလူကြီးကပါ အရေးမလုပ်သောကြောင့် အနည်းငယ်တော့ကြောက်စိတ်ဝင်မိသည် ။

အိမ်ကြီးကို တောင်ကြည့်မြောက်ကြည့်လုပ်ရင်းနှင့်ပင် အပေါ်ထပ်ကိုဆက်သွယ်ထားသော သစ်သားလှေကားအတိုင်း တက်လာခဲ့လိုက်သည် ။

အပေါ်ထပ်၌ အခန်းနှစ်ခုရှိရာ တစ်ခုမှာသော့ခတ်ထားသောကြောင့် ကျန်တဲ့ သော့မခတ်ထားတဲ့အခန်းတံခါးကို သာသာလေး တွန်းဖွင့်လိုက်သည် ။

နံရံကပ် သစ်သားဗီရိုတစ်ခု ၊ စာရေးစားပွဲခုံတစ်ခုနှင့် သစ်သားကုတင်တစ်လုံးသာရှိသောအခန်းက ရှင်းလင်းသပ်ရပ်နေသည် ။

အခန်း၏ ဘေးနံရံ၌ ပြတင်းပေါက်တစ်ခုရှိ၍ အညိုဖျော့ဖျော့လိုက်ကာနှစ်စမှာလဲ တလွင်လွင့်ဖြစ်နေသည် ။

အခန်းလေးကိုဝေ့ဝဲကြည့်လိုက်၍ အဝတ်ထုပ်လေးကိုပိုက်ကာ ကုတင်ပေါ်၌ နွယ်ထိုင်ချလိုက်သည် ။

နွယ်တို့အိမ်မှာဆို ကြမ်းခင်းပေါ်မှာ ဖျာအစုတ်လေးခင်းပြီး ဒီတိုင်းအိပ်ရတာပဲလေ ။

ဒါပေမယ့် အခုလို အခန်းအကျယ်ကြီးထဲမှာ တခမ်းတနားရှိတဲ့သစ်သားကုတင်ကြီးနဲ့အိပ်ရမှာကိုတော့ နွယ်ကပျော်မနေဘူး ။

VINE(Completed) Where stories live. Discover now