31.

456 42 2
                                    


Royalအမည်ရှိ shopping center၏ အောက်ဆုံးထပ်၌ စျေးဝယ်သူများဖြင့် စည်ကားနေသည် ။

ဒီ shopping centerက အထပ်၄ထပ်ရှိပြီး အပေါ်ဆုံးထပ်၌လဲ ရုပ်ရှင်ရုံကိုပါတွဲပြီးဖွင့်လှစ်ထားတာမို့ လူအဝင်အထွက်က အခုလို weekday မှာတောင် လူအတော်များနေသည်။

နွယ်တို့ကျောင်းရဲ့ နှစ်၅၀ပြည့်အထိမ်းအမှတ်အဖြစ် ပွဲတော်တစ်ခုကျင်းပမှာမို့ တစ်ကျောင်းလုံးမှာရှိတဲ့ဌာနအသီးသီးကလဲ ဒီပျော်ပွဲရွှင်ပွဲမှာပါရမယ်တဲ့လေ ။

နွယ်တို့ဌာနကတော့ wedding boothတစ်ခုလုပ်ပြီး ရန်ပုံငွေရှာမယ်တဲ့....ရလာတဲ့ ရန်ပုံငွေတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကိုလှူမယ်ဆိုပြီး စီစဥ်ထားကြသည် ။

wedding boothဆိုတာ အပျော်သဘောနဲ့ မင်္ဂလာဆောင်ကြတဲ့သဘောမျိုးပေါ့ ။

နွယ်တို့ဘက်က မင်္ဂလာအခမ်းအနားပုံစံပြင်ထားပြီး အပျော်သဘောနဲ့မင်္ဂလာဆောင်ချင်ကြတဲ့လူတွေကို ကောင်းချီးမင်္ဂလာပေး၍ တကယ့်weddingပုံစံပြုလုပ်ပေးမှာဖြစ်သည်။

အပျော်သဘောဆိုပေမယ့်လဲ လက်ထပ်ချင်ကြပေမယ့် လက်ထပ်ဖို့အဆင်မပြေသေးတဲ့သူတွေအတွက် အမှတ်တရကောင်းလေးတစ်ခုဖန်တီးပေးချင်တဲ့သဘောပင်။

အဲ့ဒါမို့ နွယ်နဲ့ Andyက ယာယီ မင်္ဂလာခန်းမလုပ်ဖို့ ပန်းအပြင်အဆင်တွေနဲ့ သတို့သမီးဝတ်ဖို့ crown အပြင် သတို့သမီးကိုင်တဲ့မင်္ဂလာပန်းစည်းကအစ ဒီshopping centerရဲ့ ဒုတိယထပ်မှာရှိတဲ့ နာမည်ကြီး decoration ဆိုင်သို့ လာရောက်အပ်နှံကြခြင်းပင် ။

Decoration ဆိုင်ကို အလုပ်အပ်ပြီးတော့ နေ့လည် ၁၁နာရီပင်ရှိနေပြီမို့  နွယ်တို့လဲ အောက်ဆုံးထပ်က pastaဆိုင်တစ်ခုမှာနေ့လည်စာ စားဖြစ်ကြသည်။

အခုတော့ Andy toiletသွားတာကို နွယ်က ဆိုင်မှာ ထိုင်စောင့်ရင်း ကျန်နေခဲ့တာဖြစ်သည်။

Andyကိုစောင့်နေရင်း ပျင်းလာတာနဲ့ Instagram ကိုဖွင့်၍ ဟိုကြည့်ဒီကြည့် ကြည့်နေလိုက်သည်။

ကြည့်နေရင်းမှ နွယ်တို့ကျောင်းရဲ့ home pageမှာတင်ထားတဲ့ postကိုမြင်တော့ နွယ် အနည်းငယ် အံ့သြသွားသည်။

VINE(Completed) Where stories live. Discover now