34.

441 47 2
                                    

မျက်လုံးမဖွင့်နိုင်သေးခင်မှာပင် နှာခေါင်းထဲသို့အလုအယက်ဝင်ရောက်လာသော ဆေးနံ့များကြောင့် အသက်ရှင်နေသေးမှန်း သိလိုက်ရသည်။

အင်းလေ.....နန့်ငယ်အနားမှာနေချင်လို့ ကိုယ့်ကိုယ်ကိုယ်နာကျင်အောင်လုပ်ခဲ့တာပဲ...သေချင်လို့လုပ်ခဲ့တာမှမဟုတ်တာ ။

ထို့နောက် အနည်းငယ်လေးလံနေသောမျက်ခွံမို့မို့လေးများကို ခပ်ဖြေးဖြေးဖွင့်ကြည့်လိုက်သည်။

မျက်စိရှေ့မှာမြင်နေရသော အဖြူရောင်မျက်နှာကျက်နှင့် စိမ်းရွှင်ရွှင်ဆေးအနံ့များရနေတာက ဆေးရုံကလွဲ၍ အခြားမဖြစ်နိုင်ပေ။

အဖြူရောင်မျက်နှာကျက်ဆီမှအကြည့်လွှဲ၍ ဘေးဘီဝဲယာကိုတစ်ချက်ကြည့်မိတော့ နွယ့်ကို စိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့ လူတစ်ယောက်နှင့် အကြည့်ချင်းဆုံသည်။

အဲ့ဒီလူရဲ့မျက်နှာကို နွယ်ကရင်းရင်းနှီးနှီးမြင်ဖူးနေတယ်လို့ခံစားရပေမယ့် ဘယ်မှာတွေ့ဖူးမှန်းမသိသောကြောင့် ဦးနှောက်ကို အလုပ်ပေးကြည့်ပေမယ့် ခေါင်းကိုက်လာတာပဲ အဖက်တင်သည်.....ထိုလူက ဘယ်သူမှန်းမသိပေ။

ထိုအမည်မသိလူကိုဆက်ကြည့် မ,နေတော့ဘဲ တွေ့ချင်နေသော တစ်ယောက်သောသူကိုရှာကြည့်ပေမယ့်
ဆေးရုံခန်း တစ်ခန်းလုံးမှာ နွယ်နဲ့ ထိုအမည်မသိလူကလွဲရင်ဘယ်သူ့မှမရှိပေ ။

နွယ် လဲကျသွားတဲ့အချိန်တုန်းက သေချာပေါက် နန့်ငယ်ရင်ခွင်ထဲမှာရှိနေခဲ့မှန်း နွယ် ကောင်းကောင်းမှတ်မိပါသေးသည် ။

ဒါပေမယ့် အခု နွယ့်ဘေးမှာရှိနေတဲ့လူက နန့်ငယ်မဟုတ်ဘဲ ဘာလို့ အမည်မသိတဲ့ယောင်္ကျားတစ်ယောက်ဖြစ်နေရတာလဲ....

''Sam! ''

နွယ့်အတွေးမဆုံးခင် အခန်းထဲသို့ဝင်လာတဲ့ နန့်ငယ်​ကြောင့် နွယ့် စိတ်ထဲ၌ လှိုက်ခနဲဖြစ်သွားမိသည်။

ပန်းသီးစိတ် ပန်းကန်လေးကို ကိုင်လာတဲ့နန့်ငယ်က အခန်းထဲကိုဝင်လာပေမယ့် နွယ့်ဆီကိုဦးတည်ပြီးလာနေတာတော့ မဟုတ်ခဲ့ပေ။

နွယ်ရှိရာကုတင်ပေါ်သို့ ပန်းသီးစိတ်ပန်းကန်လေးကိုတင်လိုက်ပြီး ကုတင်ပေါ်၌ သူကိုယ်တိုင် ဘေးတစောင်းတက်ထိုင်လိုက်တဲ့ နန့်ငယ်က နွယ့်ကိုတော့ ကျောပေးထားပြီး အခန်းထဲက ဆိုဖာပေါ်၌ထိုင်နေသော Samဆိုတဲ့အမျိုးသားနှင့် တရင်းတနှီးပင် စကားတွေဖောင်ဖွဲ့ပြောနေသည်။

VINE(Completed) Where stories live. Discover now