3.

865 75 0
                                    


"You should get more sleep, Han ''
(မင်းထပ်အိပ်သင့်တယ် ဟန်)

Dinealက ဟန့်ကို သူ့လက်တွေနဲ့သိမ်းကြုံးဖက်ပြီး ရင်ခွင်ထဲမှာဖျစ်ညှစ်ထားသောကြောင့် ဟန် အသက်ရှုပင်ကြပ်လာရသည် ။

"Are you off today? "
(မင်းဒီနေ့ နားရက်လား)

"Immm hummmm ''
(အင်...ဟင်....)

Dinealက နားရက်ဆိုပေမယ့် ဟန်ကတော့ အလုပ်သွားရဦးမှာမို့ အခုချိန်အိပ်ရာကထမှ အချိန်မှီမည်ဖြစ်သည် ။

"I have to go ''
(ငါသွားရမယ်)

"It's too early,you've enough time to sleep ''
(အစောကြီးပဲရှိသေးတာကို မင်းထပ်အိပ်လို့ရပါသေးတယ်)

Dinealက ဖက်ထားရာမှ လွှတ်ပေးမယ့် ဆန္ဒမရှိတာမို့ ဟန်လဲ Dineal ရင်ခွင်ထဲ၌ ငြိမ်ငြိမ်လေးသာ အလိုက်သင့်နေလိုက်သည် ။

မျက်နှာအပ်ထားရာ Dineal၏ ရင်ခွင်ထဲသို့ ပိုတိုးဝှေ့၍ ချစ်သူကောင်လေး၏ ကိုယ်သင်းရနံ့ကို ရှိုက်ရှုလိုက်သည် ။

Cigaretteရနံ့နဲ့ ကိုယ်သင်းနံ့တို့ပေါင်းစပ်ထားတဲ့ Dineal၏ ယောင်္ကျားဆန်တဲ့အနံ့က ဟန့်အတွက်တော့ ပြင်းရှရှရေမွှေးနံ့တွေထက် ပိုပြီးနှစ်ခြိုက်စေသည် ။

"Where can I buy a good quality cigarette? "
(စီးကရက်ကောင်းကောင်း ဘယ်မှာဝယ်လို့ရလဲ)

Dinealက မျက်လုံးများကိုဆက်ခနဲဖွင့်လာပြီး သူ့ရင်ခွင်ထဲက ဟန့်ကို ငုံ့ကြည့်လာသည် ။

"Are you ok,bae? "
(မင်းအဆင်ပြေရဲ့လား bae)

ဟန် ခပ်ဟဟလေးရယ်လိုက်မိသည် ။
ဟန်က ဆေးလိပ်မသောက်တတ်တဲ့သူမို့လို့ Dinealအတွက် ထူးဆန်းနေမှာအသေအချာပင်ဖြစ်သည် ။

"It's for my patient, not for me ''
(ငါ့အတွက်မဟုတ်ပါဘူး ငါ့လူနာအတွက်ပါ)

Dinealက မျက်ခုံးပင့်ကြည့်လာသောကြောင့် ဟန် မသိချင်ယောင်ဆောင်လိုက်သည် ။

"Who is she? "
(သူမကဘယ်သူလဲ)

ဒီတစ်ခါ မျက်ခုံးပင့်မိသည်ကတော့ ဟန် ပင်ဖြစ်သည် ။
တကယ်ဆို Dinealသဝန်တိုရင်တောင် ယောင်္ကျားလေးတစ်ယောက်နဲ့ပဲသဝန်တိုမယ်လို့ ဟန်က ထင်နေခဲ့တာ ။

ဟန့်ပုံစံက အရမ်းများသိသာနေသလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် မလုံမလဲဖြစ်သွားရသည် ။

VINE(Completed) Where stories live. Discover now