My Lifeblood (Part 1)

89.4K 3K 270
                                    

(Unicode)

ဝူး...............တီ..........တီ......တီ.......ဝူး..........

အရှိန်အသားကုန်တင်၍မောင်းနှင်ဝင်လာတဲ့အနက်ရောင်ပြိုင်ကားလေးတစ်စီးကြောင့် ကိုယ်စီအလုပ်များနေကြတဲ့အလုပ်သမားများရဲ့အကြည့်တွေကထိုကားလေးဆီအကြည့်ရောက်သွားသည်။ထိုမြင်ကွင်းမျိုးဆိုတာသူတို့တွေအတွက်မြင်နေကြမြင်ကွင်းတစ်ရပ်၊တစ်နည်းရိုးအီနေတဲ့မြင်ကွင်းတစ်ရပ်လို့တောင်ဆိုနိုင်သည်။ဘယ်လောက်ရိုးအီနေပါစေ အကျင့်တစ်ခုလိုဖြစ်၍ထိုကားလေးဝင်လာချိန်တိုင်းကြည့်မိနေတက်ကလဲသူတို့အကျင့်ပါ။

တီ...........

ကားများစီတန်းရပ်ထားတဲ့နေရာမှာ ထိုကားလေးလဲလွတ်နေတဲ့နေရာတွင်ထိုးရပ်သွားလေသည်။

ဘမ်း...........

ကားတင်မှအနက်ရောင်မဟုတ် ကားအတွင်းမှဆင်းလာခဲ့သူကလည်းအနက်ရောင်ရှပ်အင်္ကျီနဲ့ဘောင်းဘီကိုဝတ်ဆင်ထားကာ သူ့ကိုယ်မှာမြင်ရသည့်အသုံးအဆုံးအဆောင်များကအစအနက်ရောင်များကိုပင်တွေ့ရသည်။ထူထဲ၍မျှော့သဖွယ်တွယ်ကပ်နေတဲ့မျက်ခုံး၊စူးရှတဲ့အကြည့်နဲ့ကြည့်တက်တဲ့မျက်ဝန်းတစ်စုံအပြင် ခနဲ့တဲ့တဲ့ပြုံးတက်တဲ့သူ့အပြုံးတွေကသူ့ကိုခန့်ညားထင်ပေါ်စေတဲ့မွေးရာပါပါရမီများဘဲဖြစ်သည်။ရုပ်ချောသလောက်ဆွေးမျိုးသားချင်းပါမကျန် အချေတစ်လိုင်းဆန်စွာနေတက်တဲ့သူ့နာမည်ကတော့ နိုင်းနတ်ဆေး၊အဖိုးရဲ့ဂုဏ်အရှိန်ဝါ​နဲ့လုပ်ငန်းစုနာမည်ကြောင့် ကျော်ကြားသူတစ်ဦးလည်းဖြစ်သလို ကိုယ်ပိုင်ဟန်အမှုအရာနဲ့ခပ်ချေချေနေတက်တဲ့အကျင့်ကြောင့်ကျော်ကြားသူတစ်ဦးလည်းဖြစ်၏။ရှိရှိသမျှမည်သူမဆို အချေတစ်လိုင်းဆန်စွာနေတက်တဲ့နိုင်း သူမချေတာဆိုလို့ သူ့မိခင်နဲ့သူ့ညီမဝမ်းကွဲယွန်းမှှီဘဲရှိလေသည်။

"ဘယ်တွေသွားနေတာလဲနိုင်း မင်းကိုအဖိုးမျှော်နေတယ်"

"သူ့ဘာသာမျှော်တာကျွန်တော်နဲ့ဘာဆိုင်လဲ"

နိုင်းအင်္ကျီလက်ကိုလက်မောင်းရင်းအထိဆွဲခေါက်ရင်း သူ့အဖိုးလက်ထောက်ဦးမြတ်ပိုင်ပြောတဲ့စကားကိုအရေးမစိုက်ဟန်ပြောပြီးအိမ်ထဲဝင်သွားလေသည်။

My Lifeblood(complete)Where stories live. Discover now