My Lifeblood(Part 8)

15.2K 1.3K 213
                                    

(Unicode)

အရောင်အသွေးစုံလင်စွာစိုက်ပျိုးထားတဲ့ နှင်းဆီပန်းအိုးလေးများပြည့်နှက်နေတဲ့ ခေါင်မိုးထက်ဝယ် နှင်းဆီပန်းလေးများရဲ့အလှကတစ်မျိုးတစ်ဖုံလှပနေခဲ့သလိုတစ်ပင်ထဲသီးသန့်စိုက်ပျိုးထားတဲ့ညမွှေးပန်းပင်လေးရဲ့ရနံ့ကလဲသင်းပျံ့မွှေးကြိုင်လို့နေလေရာ နိုင်းတို့ခေါင်မိုးထက်ရောက်ရောက်ခြင်းမှာပင်သင်းပျံ့နေတဲ့အမွှေးရနံ့လေးအားရှုရှိုက်ရလေသည်။ခေါင်းမိုးထပ်သို့ရောက်လာတာတောင်နိုင်းပေလွှာ့ကို အောင်သို့ချမပေးသေးပါ။နိုင်း ပေလွှာ့အားပွေ့ချီလျက်သားဖြင့်သူထိုင်ပြီးမှ ငုတ်တုတ်တုတ်လေးဖြစ်နေတဲ့ပေလွှာ့ကိုယ်လေးကိုအနောက်မှသိုင်းဖက်၍သူ့ရင်ခွင်အားမှီစေသည်။

အစပိုင်းသူ့ရင်ခွင်မှာမှီဖို့ရုန်းကန်နေတဲ့ပေလွှာ သူထဖို့ပြင်လိုက်တိုင်းနိုင်းသူ့အားရင်ခွင်ထဆွဲဆွဲချနေတာနဲ့မလွန်ဆန်နိုင်တဲ့အဆုံးသူဘဲနိုင်းရင်ခွင်မှာမှီနေလိုက်ရသည်။သူဆက်ပြီးရုန်းကန်နေလဲ နိုင်းလက်လျှော့မည်မှမဟုတ်လေဘဲ......။

"မွှေးလားပေလွှာ...."

နိုင်းပြောကာမှပေလွှာသတိရတယ် ခေါင်မိုးထပ်စရောက်ကထဲကမွှေးနေခဲ့တဲ့ပန်းလေးအကြောင်းမေးချင်ပါသော်လည်းမမေးဖြစ်ခဲ့။အခုနိုင်းပြောမှသတိရလေတော့........

"အင်း...မွှေးတယ်။ဘာပန်းလဲမောင်......"

"ညမွှေးပန်း....."

"ငါကြားဖူးတယ်...ဒါပေမဲ့ဒီလောက်မွှေးမယ်လို့မထင်ထားဘူး။မောင်စိုက်ထားတာလား......"

"ဟင့်အင်း....မောင့်ဖေဖေစိုက်ထားတာ။ဖေဖေကမေမေ့အတွက်ရည်ရွယ်ပြီးစိုက်ထားတာ......"

တည်ငြိမ်စွာပြောနေတဲ့နိုင်းရဲ့စကားတိုင်းကို သူ့ရင်ခွင်ထဲကပေလွှာခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့နားထောင်နေရင်းက...............

"မောင်သာငါ့အတွက်ရည်ရွယ်ပြီးစိုက်ပျိုးမယ်ဆိုရင်.....မောင်ဘယ်ပန်းလေးစိုက်ချင်လဲ"

"ဘယ်ပန်းမှမစိုက်ချင်ဘူး"

တုန့်ဆိုင်းခြင်းမရှိဘဲပြန်ဖြေနဲ့နိုင်းရဲ့အဖြေက ပေလွှာ့ရင်အားဆို့နစ်သွားစေခဲ့သည်။တစ်ကယ်ဆိုသူ့အားအတင်းအဓမ္မသိမ်းပိုက်ခဲ့တဲ့နိုင်းကိုပေလွှာမမုန်းသော်လည်းစိတ်နာနေဆ​ဲ့ပါ။ဒါပေမဲ့အခုနိုင်းဆီကထိုစကားမျိုးကြားရပြန်တော့အကြောင်းမယ်မယ်ရရမရှိဝမ်းနည်းနေမိပြန်သည်။

My Lifeblood(complete)Where stories live. Discover now