My Lifeblood(Part 7)

15.4K 1.3K 99
                                    

(Unicode)

"နိုင်း"

အိမ်ပေါ်ထပ်တက်တော့မဲ့နိုင်းခြေလှမ်းများ ဦးမြတ်မောင်ခေါ်သံကြောင့်ရပ်တန့်သွားလေသည်။

"ဦးလေးတို့စကားပြောလို့ရမလား"

နိုင်းကိုယ်ကအရက်နံ့များရနေတာကြောင့် ဦးမြတ်မောင်စကားပြောရမှာပင်သိပ်ဘဝင်မကျပေ။မဖြစ်သာတဲ့အခြေအနေကြောင့်သာပြောလိုက်ရပေမဲ့ ဂျစ်ကန်ကန်နိုင်တဲ့နိုင်းစကားကောင်းကောင်းပြောမည်လို့လဲဦးမြတ်မောင်သိပ်မထင်။

နိုင်းနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်တော့ အချိန်ကသိပ်လည်းစောမနေ။အတော်လေးနောက်ကျတဲ့အချိန်ထိဦးမြတ်မောင်စောင့်နေခဲ့တာကြောင့် သူလဲစကားပြောဖို့ဆုံးဖြတ်လိုက်သည်။

"​အချိန်တော့သိပ်မပေးနိုင်ဘူး ​​​ပြောစရာရှိတာမြန်မြန်ပြော"

"ကောင်းပါပြီ....။နိုင်းကိုကုမ္ပဏီမှာယာယီဥက္ကဌလုပ်စေချင်တယ်"

"ကျွန်တော်ကမလုပ်ဖူးဆိုရင်ကော"

ပြတ်သားစွာထွက်ပေါ်လာတဲ့နိုင်းစကားကိုဦးမြတ်မောင်မျှော်လင့်ထားပြီးသားပါ။ဦးသော်ကကိုအနိုင်ယူချင်တဲ့စိတ်တစ်ခုနဲ့တင် နိုင်းထိုစကားမျိုးပြောမည်မှန်းပြေးကြည့်စရာမလိုတွေးကြည့်တာနဲ့တင် ဦးမြတ်မောင်သိနေပါပြီ။သို့ပေမဲ့ ကြိုးစားကြည့်ချင်သေးတဲ့စိတ်တစ်ခုကြောင့်............

"သူဌေးကအနားယူဖို့လိုနေတယ်နိုင်း တစ်ခြားနည်းတွေနဲ့မင်းအနိုင်ယူလို့ရပါတယ်။ဦးဆောင်မဲ့သူမရှိရင် ကုမ္ပဏီကဖရိုဖရဲတွေဖြစ်သွားမှာ....ဒီလိုဆိုမင်းဖေဖေအသက်ရင်းခဲ့ရတာဘာအဓိပ္ပာယ်ရှိမှာလဲ"

ဝဲတက်လာတဲ့မျက်ရည်များနှင့်အတူ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့နိုင်းလက်သီးကဦးမြတ်မောင်မျက်နှာပေါ်သို့ကျရောက်လုဆဲဆဲမှာဘဲ...........

"ခင်ဗျားဘာသိလို့ဝင်ပြောနေတာလဲ ဖေဖေ့အကြောင်းခင်ဗျားဘာသိလို့ဝင်ပြောနေရတာလဲ"

တစ်ခါမှလက်မပါဘူးတဲ့နိုင်း သူ့အားလက်သီးဖြင့်ရွယ်ထားတဲ့အထိဖြစ်နေတာမို့ ဦးမြတ်မောင်အနည်းအကျဥ်းတော့လန့်သွားတာအမှန်။ခါတိုင်းစကားတွေနဲ့ချေတက်တာကလွဲရင် ကိုယ်ထိလက်ရောက်ကျူးလွန်ဖူးသည်အထိနိုင်းမရိုင်းတာကိုသူအသိဆုံး။အခုကထိုသို့မဟုတ် ဖခင်အကြောင်းပါလာတာနဲ့သူ့အားလက်သီးဖြင့်ထရွယ်လေတော့ ဦးမြတ်မောင်ဘာမှပင်မပြောနိုင် ငြိမ်သက်စွာနဲ့ဘဲရပ်နေမိသည်။

My Lifeblood(complete)Where stories live. Discover now