My Lifeblood(Part 18)

9.6K 739 29
                                    

(Unicode)

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင် တစ်နည်းလူသူအလာနည်းတဲ့နေရာလေးမှာ စိုင်းလူ ပန်းရောင်ခြယ်မှုန်းထားတဲ့အုတ်ဂူလေးကိုမင်သက်စွာကြည့်ရင်း ပါးပြင်ထက်မျည်ရည်များအရွှဲသားနဲ့သာ။

လက်ထဲမှာပါလာတဲ့နှင်းဆီပန်းစည်းလေးကိုစိုင်းလူထိုအုတ်ဂူလေးပေါ်မှာငြင်သာစွာချလိုက်ပြီး အုတ်ဂူထက်မှာနေရာယူထားတဲ့ဓာတ်ပုံလေးကိုသာငေးလို့နေသည်။အပြင်ကင်းစင်စွာပြုံးနေတဲ့ဓာတ်ပုံထဲက သူမရဲ့အပြုံးလှလှလေးတွေနဲ့ရွှန်းဝေနေတဲ့အကြည့်တွေနဲ့ကြည့်နေတဲ့မျက်လုံးလှလှလေးတွေက သူမနောက်ဆုံးအချိန်သူ့အားကြည့်ခဲ့တဲ့အချိန်ကအကြည့်တွေနဲ့တော့ကွာလှပါပေသည်။ခါးသက်နားကျည်းမှုအပြည့်နဲ့ကြည့်နေခဲ့တဲ့ထိုအကြည့်တွေက ဓာတ်ပုံထဲမှအပြုံးလေးနဲ့တော့ကွာမှာအသေအချာပင်။

"မှီ.......ကိုယ်မင်းကိုမခေါ်နိုင်ခဲ့တဲ့နာမည်လေးကို ကိုယ်အခုလွတ်လွတ်လပ်လပ်ခေါ်ခွင့်ရပြီ။"

သူပြောတဲ့စကားတွေကိုနားထောင်မည့်သူ မရှိမှန်းသိပေမဲ့ စိုင်းလူအုတ်ဂူကယွန်းမှီ့ဓာတ်ပုံလေးကိုကြည့်ရင်းစကားများပြောနေမိသည်။ချိုသာတဲ့အပြုံးတွေနဲ့ပြုံးပြုံးလေးကြည့်နေရှာတဲ့ ဓာတ်ပုံထဲကသူမကတော့သူ့စကားများကိုပြန်လည်ဖြေနိုင်ခြင်းမရှိတော့ပေ။

"ကိုယ်ဆုံးရှုံးခဲ့တာ ကိုယ့်ရဲ့အချိန်တွေလို့ထင်ခဲ့တာ။ဒါပေမဲ့မင်းကိုပါဆုံးရှုံးရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ဘူး။ကိုယ်လေ ကိုယ့်ဘဝမှာရည်မှန်းချက်တစ်ခုအတွက်ကြိုးစားရင်း ကိုယ့်ရဲ့အိပ်မက်တွေ၊ပန်းတိုင်တွေ ပျော်ရွှင်မှုတွေကိုပါဆုံးရှုံးဖူးတယ်"

ငိုရှိုက်သံကြီးစိုးလာတဲ့သူ့အသံကအက်ကွဲနေသည့်အတိုင်းသာ။လက်များကလဲ အုတ်ဂူ၏ဓာတ်ပုံထဲကမှီ့ပါးပြင်လေးများကိုထိတွေ့လို့နေပြီး.........

"အဲ့လိုအရာအားလုံးဆုံးရှုံးဖူးတဲ့ကြားက ကိုယ်ချစ်ရတဲ့မင်းကိုဆုံးရှုံးလိုက်ရတာက ကိုယ့်ဘဝမှာအနာကျင်ဆုံးဘဲ။ကိုယ့်ကိုဆိုအမြင်မကြည်ဘဲကြည့်တက်တဲ့မင်းရဲ့အကြည့်လေးတွေကိုလည်းကိုယ်ချစ်တယ်၊ကိုယ့်ကိုဆိုရန်တွေ့လိုက်ရမှကျေနပ်တဲ့ မင်းရဲ့ရန်စကားလေးတွေကိုလည်းချစ်တယ်မှီ။ဟင့်......ဟင်း......ဒီကိစ္စကြီးပြီးသွားရင် မင်းကိုချစ်ခွင့်ပန်ဖို့နေရာလေးတောင်ကိုယ်စီစဥ်ထားခဲ့တာ"

My Lifeblood(complete)Where stories live. Discover now