(Unicode)
"သားတို့အေးဆေးစကားပြောကြပေါ့ကွာ.....ဦးလေးကအလုပ်လေးရှိသေးလို့ခွင့်ပြုပါဦး...မောင်...မောင်ဘယ်သူ"
နိုင်း ထမင်းစားပွဲဝိုင်းကိုသိမ်းနေရင်း သူ့နာမည်ကိုမသိတဲ့ဦးခမ်းမောင်ဘက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်။ထို့နေုက် ချိုသာတဲ့အပြုံးနဲ့အတူ ..........
"နိုင်းနတ်ဆေးပါဦးလေး"
နိုင်းနာမည်ကိုပြောပြလိုက်တော့ ဦးခမ်းမောင်သိလိုက်ပြီဆိုသည့်သဘောမျိုးနဲ့ခေါင်းကိုသာငြိမ့်လိုက်၏။
"အေးဟုတ်ပြီသားနိုင်းနတ်ဆေး....မင်းသူငယ်ချင်းကိုမင်းလက်ထဲအပ်ခဲ့ပါတယ်ကွယ်၊ပေလွှာအပြောမတက်ရင်လည်းစိတ်ထဲမထားပါနဲ့"
"စိတ်ချပါဦးလေး.....ပေလွှာဘာပြောပြောကျွန်တော်အပြစ်မမြင်ပါဘူး....နောက်ပြီးကျွန်တော်ပေလွှာ့ကိုကိုယ်ဖိရင်ဖိကိုစောင့်ရှောက်မှာပါ"
"ကောင်းတယ်ကွယ်....သူငယ်ချင်းဆိုတာအဲ့လိုမှ၊ကဲ.....ဦးလေးသွားပြီ"
"ဟုတ်ကဲ့"
ဦးခမ်းမောင်အိမ်ကထွက်သွားပြီးသိပ်မကြာ ပေလွှာလဲမီးဖိုထဲမှပြန်ထွက်လာသည်။အိမ်ထဲမှာနိုင်းရဲ့အငွေ့အသက်တစ်ချို့ကိုရပေမဲ့ ဘာသံမှမကြားရလေတော့ပြန်ထွက်သည်လားမသိချေ။ပေလွှာလဲထွေထွေထူးထူးလုပ်စရာမရှိတော့တာနဲ့ ညောင်းနေတဲ့ခြေထောက်ကိုအနားပေးရန်ထိုင်ခုံပေါ်ထိုင်လိုက်ချိန်............
"အား........."
မာကျောတဲ့ထိုင်ခုံအခင်းပေါ်ထိုင်ရမည့်အစား ပေလွှာထိုင်မိသည်ကနိုင်းပေါင်ပေါ်ဘဲဖြစ်၏။ပေလွှာသူ့ပေါင်ပေါ်မှာထိုင်မိနေမှန်းသိတာနဲ့ ချက်ချင်းဘဲထရန်ုပြင်လိုက်၏။သို့သော်ပေလွှာနောက်ကျလို့သွားခဲ့ပါပြီ။နိုင်းကသူ့ပေါင်ပေါ်ရောက်နေတဲ့ပေလွှာ့ကိုတစ်စက်ကလေးမှအလွတ်မပေးတာ့ပါ။
အလန့်တကြားနဲ့ထအော်ပြီးသူ့ပေါင်ပေါ်ကချက်ချင်းထသွားတော့မဲ့ကောင်လေးကိုနိုင်းပေါင်ပေါ်အမြန်ဆွဲချလိုက်သည်။ပြီးလျှင်ကောင်လေးလေးထသွားလို့မရစေရန် အနောက်မှအားဖြင့်ဖက်ထားလိုက်သည်။
YOU ARE READING
My Lifeblood(complete)
Romance"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ