My Lifeblood(Part 19)

9.8K 721 36
                                    

(Unicode)

ကျွီ..........

ဖြည်းညင်းစွာဖွင့်လိုက်တဲ့ တံခါးလေးရဲ့အသံကတီးတိုးသာဆိုရတယ် အပြစ်ကင်းစင်စွာနဲ့ငြိမ်းချမ်းစွာအိပ်နေတဲ့ကောင်လေးကိုတော့နိုးသွားစေလေရဲ့။

ရင်းနှီးလှတဲ့ကိုယ်သင်းနံ့ယေးယေးလေးအပြင် တီးတိုးစွာထွက်ပေါ်လာတဲ့တံခါးဖွင့်သံလေးကြောင့်ပေလွှာအိပ်နေရာမှပင် နားစွင့်မိသည်။ဒါ့အပြင်သူအလွတ်ရနေတဲ့ကိုယ်သင်းနံ့လေးကြောင့် နိုင်းဖြစ်လေမလားတွေးတောမိလေရာ.........

"မောင်ကငါအသက်ရှင်နေတာတောင် သိပါ့မလား.....မရူးစမ်းပါနဲ့ခမ်းပေလွှာရယ်"ဟုသာ အတွေးတစ်ချို့တွေးထင်ရင်း ကိုယ့်စိတ်ကိုယ်​သာပြန်အပြစ်တင်ခဲ့မိ၏။

နောက်ပြီးပေလွှာ့စိတ်ထဲသာ အခန်းထဲဝင်လာသူကသူ့အနားပိုပြီးနီးကပ်လာတယ်ဟု ခံစားရသော်လည်း အခုချိန်ထိဘယ်သူဘယ်ဝါမှန်းရေရေရာရာမသိရသေး။ထို့နောက်ဝင်လာသူကအသံလဲမပြုသည်မို့ သူကိုယ်တိုင်ကဘဲ.........

"ဘယ်သူလဲ....ဖိုးသားလား".....ပထမဦးစွာမေးလိုက်ရသည်။

ကုတင်ပေါ်မှာတစောင်းလေးအိပ်နေရှာတဲ့ကောင်လေးက သူမှန်းမသိဘဲပြန်လည်မေးမြန်းနေသည်ကို နိုင်းအပြစ်ပင်ဆိုရလေမလား...အရင်ကဆိုသူ့ကိုယ်သင်းနံ့နဲ့သူ့ခြေလှမ်းတိုင်းကိုအလွတ်ရနေတက်တဲ့ကောင်လေးဆီက ကြားလိုက်ရတဲ့စကားက"ဘယ်သူလဲ"တဲ့လေ။

အခုအချိန်ထိသူပြန်ဖြေမဲ့စကားလေးကို နားစွင့်နားထောင်ဆဲပေလွှာ့အနားသို့ နိုင်းပိုပြီးနီးကပ်စွာသွားကာ ပတ်တီးအုပ်ထားတဲ့ပါးပြင်လေးတစ်ဖက်အားနိုင်းခပ်ဖွဖွထိတွေ့ရင်း မျက်ရည်များလည်းကျလို့သာ......။နာနေလို့ထင်ပါရဲ့....နိုင်းခပ်ဖွဖွလေးထိမိတာတောင်ပေလွှာ့ကိုယ်လေးတွန့်ကာ မျက်ရည်လေးများဝဲတက်လာပုံက နိုင်းရင်ကိုနာရသည်ထက်ပိုသည်။

နိုင်း သူထိတွေ့ထားတဲ့ပေလွှာ့ပါးပြင်လေးပေါ်ကသူ့လက်ကိုပြန်ရုတ်သိမ်းလျက် ပေလွှာ့လက်ခပ်နွေးနွေးလေးအားကိုင်လျက်...........

"မောင်ပါ...ပေလွှာ"

ပြတ်သားစွာထွက်ပေါ်လာတဲ့နိုင်းအသံကြောင့် ပေလွှာအံသြရသည်ထက်ပိုသည်။တစ်နည်း ပိုပြီးကြောက်မိတာအမှန်ပါ။ထို့ကြောင့်နိုင်းမှန်းသိသည်နှင့် နိုင်းဆုပ်ကိုင်လိုက်တဲ့သူ့လက်ကိုအတင်းရုန်းကန်ပြီး..........

My Lifeblood(complete)Where stories live. Discover now