My Lifeblood (Part 4)

17.3K 1.5K 115
                                    

(Unicode)

ကောင်းကင်ယံမှအလင်းရောင်ဖြာကျနေတဲ့အလင်းမင်းကြီးရဲ့အလင်းရောင်အောက်မှာ
ပေလွှာအိမ်ရှေ့တွင်အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက်ဖြင့်ဖခင်ဖြစ်သူကိုမျှော်နေလေသည်။အလင်းရောင်များကွန့်မြူးနေတဲ့လမင်းကြီးရဲ့ဘေးမှာ တစ်လက်လက်တောက်ပနေတဲ့ကြယ်ကလေးတွေကညရဲ့အလှကို ပိုပြီးပေါ်လွင်စေပါတယ်။သို့သော်သာယာလှတဲ့ထိုညချမ်းမှာ ညရဲ့အလှကိုခံစားဖို့အခွင့်အရေးမရှိတဲ့ပေလွှာ့ရင်ထဲမှာတော့ အပူမီးများလောင်မြိုက်နေသဖွယ်............

ဦးခမ်းမောင် အိမ်ပြန်ရောက်သင့်တဲ့အချိန်ကိုရောက်နေပြီဖြစ်ပေမဲ့ဦးခမ်းမောင်ပေါ်မလာသေး၊ခါတိုင်းထက်ပိုပြီးနောက်ကျလို့နေသည်။ပေလွှာလဲဖခင်ဖြစ်သူဦးခမ်းမောင်ကိုမျှော်နေရတာနဲ့အိပ်လို့မရပါ၊စိတ်များအတိုင်းအဆမရှိပူပန်နေလေသည်။ဤကနေ့မှဘဲအရင်နေ့တွေနဲ့မတူဘဲ စိတ်များပါလေးလံနေတော့အိမ်ထဲမှာပင်ပေလွှာထိုင်စောင့်မနေနိုင်ချေ။အိမ်ရှေ့မှာဟိုလျှောက်ဒီလျှောက်လျှောက်ရင်း ဂနာမငြိမ်တဲ့စိတ်ကြောင့်သူ့လက်များကိုပင်တင်းကြပ်စွာဆုပ်ထားပြီးတစ်ချက်တစ်ချက်ယောင်ယမ်းကာလက်များကိုကုပ်ခြစ်နေတဲ့အထိပင်။

ဘမ်းဘမ်း........ဘမ်း..........

"ပေလွှာ.....ပေလွှာတံခါးဖွင့်ပါဦးဟ"

သံဆန်ကာဖြင့်ပြုလုပ်ထားတဲ့တံးခါးကိုအတင်းပုတ်ပြီးတံခါးဖွင့်ခိုင်းနေတဲ့လူရဲ့အသံကဦးခမ်းမောင်အသံတော့မဟုတ်သဖြင့် ပေလွှာအတော်လေးနားစွင့်ရင်းထိုအသံပိုင်ရှင်ကိုမှတ်မိအောင်မနည်းကြိုးစားနေ၏။ခပ်သြသြအသံနဲ့အသံကျယ်လှတဲ့ထိုအသံပိုင်ရှင်က နိုင်းလဲမဖြစ်နိုင်။နိုင်းရဲ့အသံကလည်းထိုလူ့အသံလိုခပ်သြသြမဟုတ် ကြည်လင်ပြတ်သားတဲ့အထဲမှာပါတော့မည်သူမည်ဝါမှန်းပေလွှာမှန်းဆရခက်နေချိန်...................

"ပေလွှာမြန်မြန်တံခါးဖွင့်ပါဦး.....ဦးလေးလေ.....ဦးထွန်းကြိုင်ပါ၊မင်းဖေဖေဦးလေးအိမ်ကိုကားလာအပ်ရင်းမူးလဲသွားလို့"

"ဗျာ!!!...."

ကြားလိုက်ရတဲ့စကားက ပေလွှာ့နားထဲသံရည်ပူများလောင်းထည့်လိုက်သည့်အလားပူလောင်ရစေပါသည်။ခင်တွယ်စရာဒီသားအဖလေးဘဲရှိသလို၊အားကိုးစရာဆိုလို့လဲဒီဖေဖေတစ်ယောက်ဘဲရှိတော့ဦးခမ်းမောင်များတစ်ခုခုဖြစ်သွားရင်ဆိုသည့်စိတ်ကြောင့် တံခါးကိုလှမ်းလာနေတဲ့ပေလွှာ့ခြေလှမ်းများကအားမရှိတော့သလိုဖြစ်နေသည်။

My Lifeblood(complete)Where stories live. Discover now